king queen selections များရွေးဖို့ရန် မေဂျာမှစီနီယာအမများ ရောက်လာကြသည်။ပထမဆုံး မတုံ့မဆိုင်းပဲရွေးခံရသည်ကား ဟိုကောင်လေး။ ပြီးတော့ဆုရည် ။ပြီးတော့ဟိုဟိုဒီဒီလှတဲ့ကောင်လေးကောင်မလေးများ။
နောက်ဆုံးတန်းချင်းတူတူကို တစ်rollခြားသည့် ဟိုကောင်လေးအား လှမ်းကြည့်မိသည်။ ထုံးစံအတိုင်း ပြုံးနေတဲ့ မျက်နှာထားပြုလို့ အမလှလှတစ်ယောက်နဲ့ စကားလက်ဆုံကျပြန်ပါပြီ။
"ညီမလေး ညီမလေးပါမလား ပါလိုက်ပါနော် လူလိုနေလို့"
မော့ကြည့်မိတော့ အမတစ်ယောက်က စာရွက်နဲ့ဘောပင်ကိုင်လို့ ။
"ရှင် ..အဲ မလုပ်ရဲဘူး "
ကျွန်မ မျက်နှာက ပြုံးသလိုလို၊
ရှုံ့သလိုလိုဖြစ်နေမှာ အသေအချာ။"ငြိမ်းစုကလည်းပါလိုက်ပါနော် ငါလည်းအဖော်ရအောင် နော်နော်"
ကျွန်မရုပ်ရည်က ငေးလောက်အောင်မလှပါပဲ အသားရည်လတ်တာကြောင့် ကြည့်ပျော်ရှုပျော်သာ။ ခုလည်း လူလိုလို့ပါတဲ့။ ဆုရည်ကြောင့် ကျွန်မခေါင်းငြိမ့်မိသွားသည်။ တကယ်တမ်း ဆိုရလျှင် ကျွန်မသည် လူတွေရှေ့ထွက်ရမှာကို အလွန်ကြောက်ပါသည်။ စင်ပေါ်တက်ရမှာဆိုတော့ ပြောဖွယ်ရာမရှိတော့။
အစမ်းလေ့ကျင့်ရန်နေ့မှာတော့ ယောကျာ်းလေးများက တွဲဖက်မိန်းကလေးများကို မဲနိုက်ရမည်ဖြစ်သည်။ ညက ဂျူးရဲ့"အမှတ်တရ"ကို စဆုံး ပြန်ဖတ်နေသဖြင့် ကျွန်မအိပ်ယာထနောက်ကျခဲ့သည်။ ဆုရည်ကတော့ ကျွန်မရောက်ရောက်ချင်း နင်တော့မိုက်ပြီတဲ့။
ဘာမိုက်လဲ ကျွန်မမသိ။ ဆုရည်ကတော့ ခပ်ပြုံးပြုံးမျက်နှာလုပ်ပြကာ သူ့တွဲဖက်ဆီ ထသွားလေပြီ။"ဟေး နာမည်က ငြိမ်းစုသွယ် မလား"
နောက်ဘက်သို့အလှည့်
ဗုဒ္ဓေါ ဟိုကောင်လေးပါလား။
"အင်း ငါကနင်နဲ့လား"
သူ့မျက်၀န်းတွေကို စိုက်မကြည့်ရဲ။
အဝေးကကြည့်တုန်းကသေချာမမြင်ရခဲ့သော မျက်၀န်းတို့က အနီးကပ်ကြ့ည်တော့ မျက်အိမ်ရှည်ရှည်လေထဲက အေးစက်စက်အကြည့်တို့နှင့်။
"အင်း စိတ်အေးအေးထားပါ။
ကိုက်မစားပါဘူးကွာ မင်းကလည်း
ငါက ထင်လင်းမောင်။ သိလားငါ့ကို။ ကျောင်းစနေ့တုန်းကတွေ့ဖူးတယ်လေ"သိတာပေါ့။ စိုင်းထင်လင်းမောင် ဆိုတဲ့ ကောင်ချောလေး ကို။ ကျောင်းရောက်တာမကြာသေးတဲ့ ပထမနှစ်
ကောင်လေးဆိုပေမဲ့ မိန်းကလေးတွေကြားမှာ ရေပန်းစားတာကို သိတာပေါ့။"အင်း "
ဒီေကာင်ချောလေးနဲ့ ကျွန်မ
တွဲလျှောက်ရမတဲ့လား။
ကျွန်မနဲ့ မလိုက်ဖက်ဘူးလို့ လူတွေပြောကြမှာပေါ့။
ငြိမ်းစုသွယ်ရေ သတိထားဦး အတည်တွဲတာမဟုတ်ဘူးလေ။
လူတွေဘာပြောပြောပေါ့။လေ့ကျင့်တဲ့နေ့ တစ်နေ့လုံး ကျွန်မတစ်ယောက် သူ့ဘေးမှာနေပြီး ရန်တွေတုန်ရတာ နှလုံးရောဂါ ရတော့မယ်ထင်ရဲ့။
ဒေါက်မစီးတတ်လို့ ချော်လဲမယ်ဖြစ်တိုင်း ထိန်းပေးတတ်တဲ့ သူ့လက်မောင်းဆီက ခပ်သင်းသင်းမွှေးနံ့က ဘာပန်းအနံ့ပါလိမ့်။
မော့ကြည့်တိုင်းမြင်နေရတဲ့ သူ့မေးရိုးလိုင်းက သူ့နာမည်ကြီးမှုတွေထဲကတစ်ခု။
တစ်ချက်တစ်ချက် ပြုံးလိုက်တိုင်းပေါ်လာတဲ့ ဘယ်ဘက်ပါးကပါးချိုင့်လေးေကြာင့်ကျွန်မခြေထောက်တွေက မခိုင်ချင်တော့။
အဘယ်ကုသိုလ်တွေများပြုလာလို့ ဒီလောက်တောင် လူကိုစွဲဆောင်နိုင်ရပါသလဲကွယ်။အဲ့နေ့က သူနဲ့ကျွန်မရဲ့ ခင်မင်ရင်းနှီးမှုအစ။ ခဏ အနားပေးတဲ့အချိန်တွေမှာ
သူစပေးတဲ့လမ်းကြောင်းနဲ့ စကားတွေပြောဖြစ်ခဲ့ကြတယ်။ သူဟာ မန္တလေးမှာနေတဲ့ ရှမ်းတိုင်းရင်းသားလေးတဲ့။ ကျွန်မရဲ့ဇာတိကတော့ အညာမို့ အညာသူပါ၊ မြင်းခြံသူပေါ့။
မထင်ထားမိတဲ့အချက်က သူလည်းစာဖတ်ရတာနှစ်သက်သတဲ့။ သူဖတ်တဲ့စာတွေကအညာဒေသအကြောင်းတွေလို့ ပြောတုန်းက ကျွန်မမှာဖြင့်မဆီမဆိုင် ၀မ်းသာသလိုလို။စာဖတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့များ သူ့ကိုရင်ခုန်မိလေသလား ။သူ့ရဲ့မျက်၀န်းတွေကိုပဲရင်ခုန်မိလေသလား။ ဘာပန်းအနံ့မှန်း မသိတဲ့ မွှေးရနံ့ကများ ရင်ခုန်အောင်လုပ်လေရော့သလား။
သေချာတာက တစ်ခါမှမလှုတ်ခတ်ဘူးတဲ့ ရင်ဘယ်ဘတ်ခြမ်းကတော့ "သူ" နဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း။
ဆရာမဂျူးရဲ့ " မောင် " လို့သုံးနှုန်းခြင်းကို သဘောကျခဲ့တဲ့ ကျွန်မက စိုင်းထင်လင်းမောင်ဆိုတဲ့ မောင့်ကို ဆုံတွေ့ခွင့်ရခဲ့တယ်။ ကံကြမ္မာလား ရေစက်လားတော့ သေချာမသိပေမဲ့ပေါ့။အဲ့နေကစပြီး မောင့်ကို မောင် လို့ nickname ထားခဲ့တယ်။
YOU ARE READING
မောင်
Short Storyတစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း