ဒုတိယနှစ်ကျောင်းသားမောင်သည် မနှစ်ကလို socialကျကျ သိပ်မနေတော့။ ကျောင်း library မှာ ကျွန်မထိုင်နေကျဘေးနား မောင်ရောက်နေတတ်သည်။ လူတွေရှိရင် စာဖတ်၊စာရေးရတာမကြိုက်တဲ့ မောင်က ကျွန်မနဲ့ရှိတဲ့အချိန်တိုင်းစာရေးသည် ။တစ်နေ့ေတာ့မောင့်စာတွေ ကျွန်မ ဖတ်ခွင့်ရချင်မိပါေသးရဲ့ေလ။ မောင်သာခွင့်ပြုမယ်ဆိုရင်ပေါ့။
"ငြိမ်းစုရေ
ထင်လင်းရန်ဖြစ်လို့တဲ့ "ဆုရည်ဆီက သတင်းစကား။ မောင်၊ မောင်ဆိုတဲ့ လူသားက အမြဲလူတွေနဲ့တည့်အောင်ပေါင်းတတ်ပြီး ပြုံးရွှင်နေတတ်တဲ့လူသားရယ်ပါ။ ဟင့်အင်း မောင်ရန်ဖြစ်တတ်မှာမဟုတ်ဘူး သူပဲခံရလိမ့်မယ်။
နေ့ခင်းပိုင်းကျောင်းပျက်ပြီး ဂိမ်းဆိုင်သွားလေ့ရှိတဲ့မောင် ။ဂိမ်းမဆော့ပဲ ရန်ဖြစ်နေသတဲ့လား ။ ဆရာမကိုခွင့်တိုင်ပြီး ကျောင်းပြင်သို့အပြေးထွက်လာမိခဲ့သည်။ ကျောင်းရှေ့က ခုံတန်းပေါ်မှာ ခေါင်းငိုက်စိုက်နဲ့ ထိုင်နေသော မောင့်ကို တွေ့ပြီ။
"ထင်လင်းမောင်! "ရန်ဖြစ်တယ်ဆို "ဘယ်နားဘာဖြစ်သွားသေးလဲဟင်"
ဒေါသတို့နှင့်ထွက်လာသော စကားတို့က မောင့်အတွက်ကျယ်သွားမလားမသေချာ။ နောက်ဆုံးစကားမှာသိမ်၀င်သွားသောကျွန်မအသံကို မောင်မရိပ်မိပါစေနဲ့။
မောင်က ဖြည်းဖြည်းချင်း ခေါင်း
ေမာ့လာပြီး ထုံးစံအတိုင်းအပြုံးလေးနဲ့နှုတ်ဆက်၏။ နှုတ်ခမ်းဘေးမှာကအနည်းငယ်ကွဲနေတဲ့ဒဏ်ရာနဲ့သွေးစတစ်ချို့က မောင့်မျက်နှာပေါ်မှာအကျည်းတန်စွာ။"ကလေးလည်းမဟုတ်ဘူး ဘာလို့ ရန်ဖြစ်ရတာလဲဟယ်" "လာ ဆေးသွား၀ယ်မယ်"
"ကလေးမဟုတ်လို့ ခက်နေတာပေါ့ငြိမ်းရ"
"ငြိမ်း"
"ဟင်"
မောင့်အကြည့်တို့က ဒီတစ်ခါတော့ဖြင့် အဓိပ္ပါယ်ဖွင့်ရခက်လှပေသည်။ မောင်နဲ့အကြည့်ချင်းဆုံတိုင်း ရင်ဆိုင်ဖို့မရဲလို့ မျက်နှာလွှဲခဲ့ေပမဲ့ မောင့်မျက်လုံးတွေကို သေချာနားလည်ချင်သည်။ ပထမဆုံးအကြိမ်အဖြစ် မောင်ကအရင် မျက်နှာလွှဲကာ အဝေးသို့ငေးနေ၏။
YOU ARE READING
မောင်
Short Storyတစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း