မောင်မူးပြီး လမ်းမှားနေတာများလား။ ဆုရည်ကိုလိုက်ပို့တဲ့ မောင့်သူငယ်ချင်းဆိုင်ကယ်က မြန်မြန်မောင်းသွား၍ အစနပင် မမြင်ရတော့ပေ။
"ငြိမ်း"
"ဟင် ။နင်လမ်းမှားနေတာလား"
"မဟုတ်တာ မန္တလေးမှာငယ်ငယ်ကတည်းကနေလာတဲ့ကောင်ပါ ငြိမ်းရ စိတ်မပူနဲ့နော်"
"ငြိမ်း"
ညကလည်းဖြစ် မောင်ကလည်းသောက်ထားတာကြောင့် စိုးရိမ်စိတ်နဲ့ ဒေါသအနည်းငယ်ထွက်လာသည်။
"ဘာလဲပြော ခေါ်ခေါ်ပြီး မပြောပဲနဲ့"
ကျွီ.....
ဆိုင်ကယ်ကပလပ်ဖောင်းဘေးနားထိုးရပ်သွားသည်။မောင်က ဆိုင်ကယ်ပေါ်မှဆင်းသွားပြီး ပလပ်ဖောင်းပေါ် သို့ လျှောက်လှမ်းသွားသည်။ မောင်အန်ချင်လို့များလား။
"ဟဲ့ ထင်လင်းမောင်ရယ် အဆင်ပြေရဲ့လား ။မူးနေလို့လား။ ဒီဘက်လှည့်ဦး "
အို.....
လမ်းမီးတိုင်ဝါဝါအောက်မှာ
မောင်မျက်၀န်းတွေက အရောက်လဲ့နေလိုက်တာ"ငြိမ်း"
"ဟင်...အင်း"
"ကိုယ်...
မင်းကို... ချစ်တယ်".......
ရှင်!!!
အမလေး !
မောင်က ကျွန်မကို ချစ်ပါသတဲ့ ။မောင်က ချစ်တယ်တဲ့ ။ ကြားလိုက်ကြရဲ့လား လမ်းပေါ်ကလူတွေရေ။ တိုက်ခတ်သွားတဲ့ လေညှင်းလေးရေ
ကြားလိုက်လားဟဲ့ မောင်က ငါ့ကိုချစ်သတဲ့...."ငြိမ်း ကိုယ့်ကိုကြည့်ပါဦး ခေါင်းကြီးပဲငုံ့မနေနဲ့လေ ၊ကိုယ့်အင်္ကျီလည်း တော်ရုံပဲ ချေတော့"
ဟုတ်သားပဲ မောင့်ဂျက်ကတ်ကို အသေ လိမ်ချေနေမိရက်သား။ဒီစကားက မောင့်ဆီက အကြားချင်ဆုံး ဖြစ်ပေမဲ့ ရှက်တာလား ၊ပျော်နေတဲ့မျက်နှာကို မောင်မြင်မှာစိုးလို့လား ၊ကိုယ့်ကိုကိုယ်တောင် မသိပဲ ခေါင်းသာတွင်တွင် ငုံ့နေလိုက်မိသည်။
"ကိုယ်မူးလို့ ပြောနေတာလို့ မထင်စေချင်ဘူး ၊ကိုယ် တကယ် ငြိမ်းကိုချစ်တာပါ...နော်"
"ငြိမ်း ဖြည်းဖြည်းချင်းစဉ်းစားပြီးမှ ကိုယ့်ကို အဖြေပေးနော် "
"မနက်ဖြန် ကိုယ့်မွေးနေ့လေးတော့ ဘုရားကို အတူလိုက်ခဲ့ပေးလေနော် ကိုယ်လာခေါ်မယ်"
အင်းလို့ပြောမိသလား ခေါင်းပဲညိမ့်လိုက်မိသလားမသိ။ ဟွန်းတီးသံများက ဒီနေ့ကျမှ သာယာနာပျော်ဖွယ်
ချစ်သံစဉ်တွေလိုပါပဲလား။ရင်ထဲက ကြည်နူးပန်းတွေကလည်း အပွင့်လိုက်အခိုင်လိုက် လှိုင်လှိုင်တက်လို့။"ငြိမ်း ဒါဆို သွားကြမယ် ကိုယ့်ကိုအဖြေပေးဖို့ စဉ်းစားထား"
"ဟင်! အင်း သွား.. သွားမယ်လေ
ဟဲ့ပလုပ်တုပ် "ဟင် မောင့်နောက်ကျောကြီး
"ဖြစ်ရမယ် ဒီကောင်မလေးကတော့ သောက်ထားတာက ကိုယ်ပါ ငြိမ်းကဘလိုဖြစ်လို့မူးနေတာတုန်း"
ခဲအကြီးကြီးတစ်ခုလုံးကိုမမြင်ပဲ ခလုပ်တိုက်ပြီး မျက်နှာက မောင့်နောက်ကျောဆီ ပစ်တိုက်ခြင်း ဖြစ်သည်။
"ဒီဟာ ဟိုဟာလေ အင်္ကျီ"
"ဆိုင်ကယ်မောင်းရင် အေးတယ် ။ ငြိမ်း၀တ်ထားလိုက်တော့ ၊ လာ ၊တက်"
မန္တလေးလမ်းတွေဟာ သိပ်လှပါလား။
ဟိုး အဝေးက အဆောက်အဦးကြီးတွေဟာလည်း လှနေရော။ လမ်းဘေးက မြက်လေးတွေကလည်းလှ။ ဟောင်နေတဲ့ လမ်းဘေးခွေးလေးတွေလည်း လှနေသည်။အလှဆုံးဘွဲ့ကိုတော့ ဆိုင်ကယ်မောင်းနေတဲ့ မောင်ဆိုတဲ့လူသားလေးကို ပေးလိုက်မည်။ ကျွန်မ လွန်စွာမျှတသည် မဟုတ်လား။
YOU ARE READING
မောင်
Short Storyတစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း