Black Coffee But Sweet

23.4K 2.4K 403
                                    

နံနက်၆နာရီခွဲရုံသာရှိသေး၍ ပုသိမ်မြို့၏လမ်းမကြီးထက်၌ လူအသွားအလာ၊ယာဉ်အသွားအလာက အတော်လေးရှင်းနေပါသေး၏။ ရာသီဥတုသည်ကား ဆောင်းဦးရာသီဖြစ်သည်မို့ အနည်းငယ်တော့အေးအေးချမ်းချမ်းရှိလှသည်။

သူဟာ ဆိုင်ဖွင့်ခြင်းကိစ္စတို့အား ဝန်ထမ်းလေးများထံအပ်နှံထားလိုက်ပြီး ဆိုင်ရှေ့သို့ထုတ်ပြီးခါစနှစ်ယောက်ထိုင်စားပွဲဝိုင်းအဖြူလေးတွင် ဝင်ထိုင်လိုက်၏။ ဝန်ထမ်းတစ်ယောက်အား Black Coffeeတစ်ခွက်နှင့်ချိစ်ကိတ်တစ်လုံးအရင်ဆုံးလာချရန်ပြောလိုက်ပြီးနောက် Airpodကိုညာဘက်နားတွင်တပ်လိုက်ပြီး ဖုန်းကိုထုတ်ကာနံနက်ခင်းသတင်းကိုနားထောင်ရန်ပြင်လိုက်သည်။ ဤကား ဖေဖေရှိစဉ်ကတည်းက သူ့အားအလေ့အကျင့်လုပ်ပေးခဲ့ခြင်းပင်။

သတင်းနားထောင်ရင်း လမ်းမထက်သို့အဓိပ္ပါယ်မဲ့စွာဖြင့်ငေးမောနေမိသည်။ ဤသို့သောအချိန်အား သူအကြိုက်ဆုံးပင်။ လတ်ဆတ်သည်။တက်ကြွသည်။ ထို့ပြင် အေးလည်းအေးချမ်းပါ၏။ အထူးသဖြင့် ဤကဲ့သို့သောနေ့သစ်တစ်ခု၏အစပိုင်း၌ မည်မျှကြွေးမြီထူ၍စိတ်ညစ်နေရသောသူပင်ဖြစ်ပါစေ၊ သူတို့၏မျက်နှာထက်၌ အခြားသောအချိန်များထက်တော့အပူလျော့သည်သာ။

သတင်းသည် သူ့အတွက်တော့ထူးသည့်အရာသိပ်မရှိပါ။ နိုင်ငံကိုအကောင်းဆုံးပြန်လည်ထူထောင်နေသည့်အချိန်ကာလဖြစ်သည့်အပြင် နိုင်ငံရေးအခြေအနေကလည်းအတော်လေးငြိမ်သက်သွားပြီမို့ နိုင်ငံတကာမှစီးပွားရေးလုပ်ငန်းများ တစ်ခုပြီးတစ်ခု ပြန်လည်အခြေစိုက်နေကြပြီဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းများလည်းပြန်လည်တိုးတက်လာပြီဖြစ်သည်။

အာဏာရှင်စနစ်အား ဇွဲရှိရှိဖြင့်သွေးမအေးစတမ်းတော်လှန်ကြပြီးသည့်နောက်တွင် လူကြီး၊လူရွယ်၊လူငယ်များအားလုံး၏ အသိအမြင်တို့သည်လည်း ယခင်ကထက်ပို၍ တိုးတက်လာခဲ့၏။ ဘာသာရေးမှိုင်းတိုက်မှုများ၊လူမျိုးရေးမှိုင်းတိုက်မှုများနှင့်ပတ်သက်၍ အချင်းချင်းသတိပေးကြ၊အသိပညာများဖလှယ်ကြနှင့် စိတ်ကိုအဆိပ်သင့်စေသောအရာများအား အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြသည်။

You've reached the end of published parts.

⏰ Last updated: Jul 17, 2022 ⏰

Add this story to your Library to get notified about new parts!

Black Coffee But Sweet [One Shot]Where stories live. Discover now