လွှမ်းမိုးခဲ့ပါသော ဦး(ဒုတိယပိုင်း)(Unicode)

1.2K 83 10
                                    

   ကြားလိုက်ရသော စကားကြောင့် အောင်ကောင်းမြတ်တစ်ယောက်ဆွံ့အမိသည်။ဦး...ဦးရဲက သူ့ကိုအဲ့ဒီကောင်မလေးနဲ့တူလို့ အစားထိုးခဲ့ရုံသက်သက်ပဲ...ဟုတ်လား? ဟင့်အင်း...မဖြစ်နိုင်တာ။သူမ အောင်ကောင်းမြတ်ရဲ့စိတ်ကိုသက်သက်မဲ့ ထိုးနှက်နေတာရော မဖြစ်နိုင်ဘူးလား။  သူခေါင်းကိုတွင်တွင်ခါလိုက်ကာ...

" အန်တီပြောတာတွေ ကျွန်တော်မယုံဘူး။ ဦးက ကျွန်တော့်ကိုသိပ်ချစ်တာ...''

   မိမိရှေ့မှ ဘာပြောပြော လှောင်ပြုံးတစ်ခုသာ မူပိုင်ဆောင်ထားပါသော ဦးရဲရဲ့အမေက လွန်စွာကိုမှပင် မုန်းဖို့ကောင်းသည်...။ အောင်ကောင်းမြတ်သည် ဦးရဲ၏ အမေဖြစ်သူမလို့ ကောင်းမွန်စွာ ဆက်ဆံပါသော်လည်း သူတို့ကတော့...။

" ကြာကြာအလိမ်ခံလိုက်စမ်းပါကွယ်...။ မကြာခင်မှာ ငါ့သားတကယ်ချစ်ရတဲ့ ကောင်မလေးက မြန်မာပြည်ပြန်လာတော့မှာ...။ မင်းသူ့နားမှာ ကြာကြာ မရှိရတော့ပါဘူး''

   အောင်ကောင်းမြတ်ခုံပေါ်မှ ဝုန်းခနဲထလိုက်ကာ အိမ်တံခါးပေါက်ဝကို လက်ညှိုးညွှန်ပြလိုက်ရင်း...

" အန်တီထွက်သွားပါတော့...''

   ထိုအခါ သူမကလည်း မတ်တပ်ရပ်လိုက်ကာ...

" ငါလည်း ဒီလိုမျိုး အဆင့်မရှိ၊ အတန်းမရှိတဲ့အိမ်မှာ စက္ကန့်အပိုင်းအခြားလေးတောင် မနေချင်ပါဘူး။ ငါသားသာရောက်နေတဲ့ နေရာမဟုတ်ရင် အိမ်ရိပ်တောင်နင်းမှာမဟုတ်ဘူး''

" ဒါဆိုလည်းမနင်းနဲ့လေ...အခုခင်ဗျားသားရှိလို့လား...အန်တီ''

   အောင်ကောင်းမြတ်အပြောကြောင့် သူမက သူ့ရင်ဘတ်သူဖိပြီး...

" အမယ်လေးနော်...နောက်ဆုံးတော့ အဆင့်မရှိတဲ့သူက အဆင့်မရှိတဲ့ဇပြတာပါပဲလား။ မင်းရဲ့ ကြောင်လက်သည်းဝှက်လိုအမူအယာတွေနဲ့ မြေခွေးလိုကောက်ကျစ်တဲ့ဉာဏ်တွေနဲ့ ငါ့သားကိုတယ်လည်း ဖမ်းစားထားနိုင်ပါကော...''

   သူဘာမှပြန်မပြောပဲ လက်သီးကိုသာ ခပ်တင်းတင်းဆုပ်ထားမိတော့သည်။ ဦးရဲအပေါ်မှာ ဘယ်တုန်းကမှ သူမကောက်ကျစ်ခဲ့ဖူးဘူး။ အဖြူစင်အသန့်ရှင်းဆုံးနဲ့ ဦးရဲကို အောင်ကောင်းမြတ်ချစ်ခဲ့တာ။

လွှမ်းမိုးခဲ့ပါသော ဦးWhere stories live. Discover now