လွှမ်းမိုးခဲ့ပါသော ဦး(ဇာတ်သိမ်းပိုင်း)(Unicode)

1.5K 100 21
                                    

အောင်ကောင်းမြတ်သည် ခြံထဲမှာရှိသည့် ပန်းပင်လေးတွေအား လိုက်လံ၍ရေဖြန်းပြီးနောက် ခုံလေးတစ်ခုံယူကာ အိမ်ရှေ့တွင်ထိုင်နေလိုက်သည်...။ ညနေကလည်း စောင်းနေလေပြီ...ဦးရဲကလည်း မပြန်လာသေး။ သူနေ့လည်က ဟိုအစ်မစကားတွေကို မကြားနိုင်၍ တစ်ယောက်ထဲ ထပြန်လာခဲ့သည်မှာ မှားသွားပြီလား? အောင်ကောင်းမြတ်အား ဦးရဲစိတ်ကွက်သွားပြီလား?

တွေးရင်းနှင့်ပင် သက်ပြင်းချရသည်...။ ဦးရဲမကြိုက်လျှင် သူနောက်ကိုဘယ်တော့မှ ထိုအပြုအမူမျိုးမလုပ်တော့ပါ...။ ဦးရဲက သူ့နှလုံးသားရဲ့ အဖိုးတန်လှတဲ့ ရွေးချယ်မှုတစ်ခုမလို့ အဆုံးသတ်ထိ ဦးရဲတစ်ယောက်ထဲကို ချစ်သွားမှာပါ။

အချိန်ကလည်း ကြာနေပြီဖြစ်၍ အောင်ကောင်းမြတ်တစ်ယောက် ခြံဝလေးသို့ လည်တမျှော်မျှော်လုပ်မနေတော့ပဲ အိမ်တံခါးသော့ခတ်ပြီး ခြံတံခါးကိုပါ ပိတ်ကာ ထွက်လာခဲ့လိုက်တော့သည်။ ဦးရဲသူ့ကိုစိတ်ဆိုးသွားတာလား...သူ့သူငယ်ချင်းရှေ့မှာထိုသို့ ပြုမူသည်ဆိုပြီး...။

အခုချိန် ဦးရဲဘယ်မှာများ ရှိနေမှာလည်း? မဟုတ်မှလွဲ သူ့သူငယ်ချင်းမိန်းကလေးနဲ့...။ အောင်ကောင်းမြတ် ခေါင်းကိုခါယမ်းလိုက်လေသည်။ ဟင့်အင်း...ဒါသူသက်သက်အတွေးလွန်နေတာ။ ဦးရဲက သူ့ကိုသစ္စာဖောက်မယ့်လူစားမျိုးမှမဟုတ်တာ။ အင်း...ဟုတ်တယ်။ ဦးရဲကလေ...သူ့ကိုအရမ်းချစ်တာ။

သူလျှောက်နေတာ မြို့ထဲပင်ရောက်နေလေပြီ...။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့် ဦးရဲသွားတတ်ပါသော နေရာတို့အား လျှောက်ကြည့်သော်လည်း ဦးရဲအား မတွေ့ပါ...။ ဘယ်မှာများရောက်နေတာလည်း ဦးရဲရယ်...။ ကျွန်တော်စိတ်ပူလှပြီ...။

ဘယ်မှာမှမတွေ့သည်လည်းဖြစ်ရာ အောင်ကောင်းမြတ်စိတ်ညစ်ညစ်နှင့် တစ်ဖက်ကို ကားလမ်းဖြတ်ကူးလိုက်သည်။ ခြေလှမ်းပြင်သည်နှင့် ဘောင်းဘီအိတ်ထဲက တစ်ချက်တုန်ခါသွားပါသော မိမိဖုန်း...။ ဦးရဲများလား? ဦးရဲ မက်ဆေ့ချ်ပို့တာပဲ ဖြစ်မှာ...။ ထိုသို့တွေးပြီး ဖုန်းကိုဖွင့်အကြည့်...

ဖုန်းအားကိုင်ထားသော မိမိလက်တို့ တုန်ခါလာရသည်။ ဟင့်အင်း...ဦး...ဦးရဲက ဒီလိုလုပ်မယ့်လူစားမျိုးမှ မဟုတ်တာ။ ဦးရဲက အောင်ကောင်းမြတ်ဆိုတဲ့သူ့ကိုသိပ်ချစ်တာလေ။ ဟင့်အင်း...။ ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေပါသော ပုံကကားပါကင်တစ်ခုမှာ ဦးရဲက ကားတံခါးကိုမှီ၍ သူ့သူငယ်ချင်းမိန်းကလေးအား တစ်ကိုယ်လုံးအနှံ့ပွတ်သပ်နေသည်။ တစ်ပုံချင်းစီ တစ်ပုံချင်းစီက ဦးရဲနှင့်သူမ နီးကပ်နေကြပုံဖြစ်ပြီး... ။သူမကလည်း သူမလည်တိုင်ကို ဦးရဲပေးတဲ့အနမ်းတွေကို ကြည်နူးမက်မောစွာ ခံယူနေသယောင်...။

လွှမ်းမိုးခဲ့ပါသော ဦးWhere stories live. Discover now