အပိုင်း(၂) ပီတိအပြုံးတွေနဲ့အကြည့်ခံရခြင်း

285 22 0
                                    

ကျွန်မ(၆) တန်းနှစ်မှာ ကျောင်းကိုပြောင်းလာတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ အနေအေးပြီး မုန့်စားချိန် (၁၅)မိနစ်ဆင်းရင်တောင်မှ သူကအပြင်ထွက်ပြီး မုန့်မစားဘူးရယ်။

ကျွန်မ ဘဝမှာပထမဆုံးအကြိမ်အနေနဲ့ ဝတ္ထုတွေထဲကလို အတန်းထဲကအနေအေးတဲ့ကောင်လေးကို အပြင်မှာမြင်ဖူးတာပဲ။ဒါပေမယ့် ကျွန်မသိပ်ပြီးအမူမပိုခဲ့ဘူး။ဒီတိုင်းပဲ ကျွန်မရဲ့ရပ်ဝန်းမှာပဲ ကျွန်မနေခဲ့တယ်။

ဒီလိုနဲ့ ကျွန်မတို့အားလုံးက ကလေးတို့ထုံးစံအတိုင်း မုန့်စားလိုက်၊ စာသင်လိုက်နဲ့။ သူကတော့ အချိန်ပြည့် တံခါးပေါက်အနီးက ခုံစွန်းမှာ ထိုင်နေတတ်တဲ့ ကောင်လေးပေါ့....

တစ်နေ့ ကျွန်မတို့ပထမလပတ် စာမေးပွဲဖြေပြီးလို့ ကျူရှင်ဆရာမက ကျူရှင်မှာ အမှတ်များတဲ့သူတစ်ချို့ကို ပြောတဲ့အချိန်မှာ သူ့အကြည့်တွေက ကျွန်မဆီကိုရောက်လာခဲ့တယ်။အဲ့ဒီတုန်းက ဘာသာရပ်အလိုက်သင်တဲ့ဆရာမဆီမှာ ကျူရှင်တတ်ရတာ။ကျွန်မက အတန်းပိုင်ဆီမှာလည်း ညပိုင်းမှာကျူရှင်တတ်တယ်။သူကတော့ အိမ်ဝေးတာကြောင့်လား၊ မတတ်ချင်တာကြောင့်လားမသိဘူး ညကျူရှင်မတတ်ခဲ့ဘူး။

"ဟဲ့ ငါ့ကိုကြည့်နေတယ်.."
ကျွန်မဘေးက သူငယ်ချင်းကို တံတောင်နဲ့တွတ်လိုက်ပြီး သူမကိုမကြည့်ပဲစာကြည့်ချင်ယောင်ဆောင်ကာ ပြောလိုက်တယ်။

သူ ကျွန်မကိုကြည့်လာတဲ့ အမှတ်စာရင်းပြောတဲ့အချိန်ခဏလေးကို ကျွန်မသူငယ်ချင်းပါမြင်သွားတယ်။

ကျွန်မသူငယ်ချင်းက ကျွန်မနားကိုကပ်ပြီး ပြောဖို့လုပ်တဲ့အချိန်မှာပဲ ဆရာမဆီကနေ သူ့အမှတ်ကြေညာတာကိုကြားလိုက်တယ်။

98တဲ့....သူလို စာကြိုးစားတဲ့သူက ဘယ်နားမှာ နှစ်မှတ်ကျန်ခဲ့လဲမသိ။ကံကောင်းစွာနဲ့ ကျွန်မကတော့၁၀၀အပြည့်ရခဲ့တယ်။

တစ်ချိန်ချိန်သူနဲ့တွေ့ရင် ပြောချင်ပါသေးတယ်...
"တကယ်တော့ ငါလည်း98ပဲရတာ၊ ငါ့ဆရာမက နှစ်မှတ်ပြင်ပေးထားတာ။ ငါလည်း အဲ့ဒီတုန်းကနင်နဲ့အတူတူပါပဲ"

ပြောချင်တယ်လို့သာပြောရတာ အဲ့ဒီအချိန်တုန်းက သူ့ရဲ့အံ့သြနေတဲ့ မျက်ဝန်းညိုညိုတွေကို ကျွန်မထပ်ပြီးလိုချင်သေးတယ်။ဒါကြောင့် အဲ့ဒီကိစ္စကို ပြောဖို့ထက် သူအထင်ကြီးအောင် တစ်ခုခုလုပ်ပြလိုက်ရင်ပိုမကောင်းဘူးလား။

MyselfWhere stories live. Discover now