မက်မောစွာဖက်တွယ်ထားချင်သော အလှတရား (၂)

88 8 0
                                    

2031 ခုနှစ်၊ ‌April 2ရက်.......

ငါတော့ မောင်ရှိတဲ့ရပ်ဝန်းဆီ ပြန်လာခဲ့ရပြီ မောင်။ ထွက်ပြေးတာကတော့ မောင့်ဆီကနေထွက်ပြေးတာပါပဲ။ ဒါပေမယ့်လည်း မောင်ပို့လိုက်တဲ့ Mailကြောင့် ငါချက်ချင်းပဲ ပြန်လာခဲ့ရပြီ။

ငါ့မေမေဆုံးပြီတဲ့လား မောင်ရယ်။ ဒီကမ္ဘာမှာ မောင့်နည်းတူငါသိပ်ချစ်ရတဲ့ လူသားက ငါ့မေမေဆိုတာကို မောင်ကသိနှင့်နေတာလားကွယ်။
"နင်ပြန်လာမှ ရမယ်"တဲ့လား။

ဖေဖေဆုံးတုန်းကတောင် ပြန်မလာခဲ့တဲ့ ငါက အခုလေ မေမေဆုံးကြောင်းကို မောင့်ဆီက Mailကြောင့်နဲ့ သိလိုက်ရပြီးချက်ချင်းမှာပဲ ပြန်လာဖို့ကို ဆုံးဖြတ်လိုက်တော့တာ။ ငါ့မေမေ့ကို ချစ်လို့........

ဟုတ်တယ် မောင်.....ငါမေမေ့ကိုချစ်လို့ ပြန်လာခဲ့တာပါကွယ်။လေယာဥ်ကွင်းကနေ ထွက်လာတဲ့ အချိန်ထိ ငါမငိုချင်သေးပါဘူး မောင်ရယ်။
ဒီလိုနဲ့ ငါတို့ခြံ တံခါးဝမှာ ရပ်နေတဲ့ မောင့်ကို မြင်တော့လေ....ငါ့စိတ်တွေ ထိန်းမရတော့အောင်ဖြစ်ရတယ်။

ငါငိုချမိပြီ။ ငါ....ငါ မောင့်ကို တွေ့တွေ့ခြင်းမှာပဲ အရှုံးသမားတစ်ယောက်လို မျက်ရည်တွေကျဖြစ်သွားတယ်။ ငါငိုတာ မေမေ့ကြောင့်ပါ......မေမေ့ကို ထာဝရခွဲရတော့မှာမို့ ငိုမိသွားတာ။

ဟုတ်ပါတယ် မောင်ရယ်။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ ငါမှမငိုရင် အကိုတွေကလည်း ငိုမှာမဟုတ်ဘူးလေ။ ဒီလိုဆို အသုဘအိမ်နဲ့မတူတော့ဘူးပဲ။ ငါငိုမှဖြစ်တော့မယ်။ ဒီနှစ်တွေမှာ သိမ်းစည်းထားသမျှအတွက် ငါအရမ်းပဲ ငိုချလိုက်တော့မယ်။

ငါငိုနေတဲ့အချိန် အနားမှာမောင်မရှိရင် ကောင်းမှာပဲကွယ်။ ငါ့ကို သနားနေတဲ့ မောင့်မျက်ဝန်းတွေကို မကြိုက်လိုက်တာ။

မောင် မသိလို့နေမှာ။ ငါကလေ.....ရေခဲတောင်ပြိုကျလို့ ငါ့ရဲ့အိမ်လေး နှစ်မြှုပ်သွားတုန်းကတောင် မငိုခဲ့တာပါ။ အခုလက်ရှိ ငါနေနေတာက ငါ့ရဲ့ဒုတိယမြောက်ပိုင်ဆိုင်တဲ့ အိမ်လေးပေါ့လေ။

မောင်သိခွင့်မရှိတဲ့ မောင့်ဓာတ်ပုံလေးတွေ အများအပြားချိတ်ဆွဲထားတဲ့ အိမ်လေးပေါ့.......

MyselfWhere stories live. Discover now