part-2(Unicode)

969 213 104
                                    

Co-Translated by- sekiei_02

Edited by- me

6 လပိုင်း 15 ရက်နေ့။

ငှက်ကလေးတွေကျီကျီကျာကျာအော်မြည်သံက
နေ့သစ်တစ်ခုကိုအစပြုလိုက်တယ်။

မစ်ခ်မွန်းစတားလေးဟာ သူနည်းနည်းလေးပိုပြီး
ကြီးထွားလာတဲ့အတွက် ပျော်ရွှင်သွားတယ်။

သူ့အတောင်ပံတွေကိုခတ်ကြည့်တော့
ခြေထောက်တွေဟာ ပေါ့ပါးသွားတာကိုခံစားရတယ်။

ဒါပေမဲ့ အဆုံးမှာလေပေါ်ပျံမသွားဘဲ သစ်ရွက်ပေါ်ကို
ခွေးကျဝက်ကျပြုတ်ကျသွားတယ်။

ပြီးတော့ အဲ့ဒါကဝါးတားမယ်လွန်ကိုနိုးသွားစေတာ
ပေါ့။

"အာကျယ်ကောင် မင်းဘာလုပ်နေတာလဲ?"
သူက အိပ်ချင်မူးတူးမျက်လုံးတွေနဲ့မေးလိုက်တယ်။

"အာကျယ်ကောင်မဟုတ်ဘူး.... ခြင်"

"အိုကေ အိုကေ။ ငတုံးကောင်
မင်းဘာလုပ်နေတာလဲ?"

မစ်ခ်မွန်းစတားဟာ စိတ်ဓာတ်ကျကျနဲ့ သစ်ရွက်ပေါ်
ထိုင်ချလိုက်တယ်။

"ဘာဖြစ်တာလဲလို့?"

"ငါ... မပျံနိုင်ဘူး"

မစ်ခ်မွန်းစတားဟာ စိတ်ညှိုးငယ်လာတယ်။

အိုး မဖြစ်ဘူး၊ ဒီကလေးမသန်မစွမ်းဖြစ်သွားတာတော့
မဟုတ်ဘူးမလား။

ဝါးတားမယ်လွန်တွေးလိုက်တယ်။

ဒါပေမဲ့ သူအပြုံးတစ်ခုပြုံးပြလိုက်ပြီး၊
"ပြဿနာမရှိပါဘူး"

အဲ့ဒီနောက် လေပေါ်မှာနှစ်ပတ်ပတ်ပျံလိုက်ပြီး
အောက်ဆင်းကာ မစ်ခ်မွန်းစတားကိုဆွဲခေါ်လိုက်
တယ်။

ပထမဆုံးအကြိမ်အဖြစ် သူတို့အတူတူပျံသန်းခဲ့ကြ
တယ်။

နေမင်းကြီးကတော့ ဒီထူးဆန်းတဲ့မြင်ကွင်းကို
ကောင်းကင်ကြီးထက်ကနေကြည့်နေခဲ့တာပေါ့။

ဝါးတားမယ်လွန် သူ့သဘောနဲ့သူ သူ့နားနီးနီးကပ်ကပ်
နေတာ ဒါပထမဆုံးဖြစ်တယ်။ သူ့ခန္ဓာကိုယ်က
သူနဲ့တင်းတင်းကျပ်ကျပ်ကပ်နေတဲ့အချိန်မှာ
မစ်ခ်မွန်းစတားလေးဟာ ထူးဆန်းတဲ့ခံစားချက်
တစ်မျိုး ရလိုက်တယ်။

(COMPLETED) ခြင်ထီးလေးနှစ်ကောင်ရဲ့ပုံပြင် [ဘာသာပြန်] Where stories live. Discover now