Part-10

1.8K 78 1
                                    

Unicoad

နွေဦးတို့ အခန်းသည် နှစ်ယောက်အိပ်ကုတင်နဲ့ တယောက်အိပ် ကုတင်ပါရှိသောကြောင့် နွေဦးက သက်သက်အိပ်သည်။

လူကပင်ပန်းနေပေမဲ့ နေရာစိမ်းမို့တော်တော်နဲ့ အိပ်မပျော်ပေ။ ထို့ကြောင့် အပြင် ဝရံတာတွင် လေညှင်းခံရင်းထွက်ထိုင်နေလိုက်သည်။

*အားးးး အေးနေတာပဲ လေတဖြူးဖြူးနဲ့*

လေအေးအေးဖြင့်မှိန်းနေတုန်းး အနားးကိုလျှောက်လာတဲ့ခြေသံသဲ့သဲ့ကို ကြားမိသည်။

"‌ကလေးး!" ဟုခေါ်ရင်းအနားဝင်ထိုင်သည့်သူ။

ထိုအသံ နဲ့ ကိုယ်သင်းနံ့ကြောင့် ဦးနောင်မှန်း သိ၍ လေးကန်နေသော မျက်လုံးကို အတင်းဖွင့်ကာာ

"ဗျာာာ!'

"ဪ ကလေးရယ် ဘာလို့ အပြင်မှာ ထိုင်အိပ်နေတာလဲ အခန်းထဲဝင်အိပ်လေကွာခြင်တွေ မကိုက်ဘူးလား?".

"ဟဲဟဲ ငယ် အခန်းထဲမှာ အိပ်မပျော်လို့ ဒီမှာ လာထိုင်နေတာ ဒီရောက်မှ အိပ်ချင်သွားးတယ်"

"ဪ အင်းပါ အခု အထဲဝင်တော့မလား?"

"မဝင်သေးပါဘူး အထဲ မှာက သဘာဝလေ မစစ်ဘူးး ..ဒီအတိုင်းပဲ ဝှားးးး"

"ဟောာဗျာာာာ!"

မျက်လုံးကမပွင့် စကားတွေလဲ မပီသတော့ပဲ သူ့ပုခုံးပေါ် ခေါင်းအုံးကာ အိပ်ပျော်သွားသော နွေဦးငယ်လေးကြောင့် သက်ဦးနောင်မှာ အူတွေ အသဲတွေ တယားတယားနဲ့ပင်!

"အဟက် ငယ်ငယ်ကလိုပဲ အိပ်ချင်ရင်ဘာမှ ကို မသိတော့တာာာ..ကိုယ့်ကလေးလေးက သိပ်ချစ်ဖို့ကောင်းတာပဲ❤️"

ဝဲကျနေသော နဖူးအထက်က ဆံနွယ်လေးတွေကို သပ်တင်ပေးရင်းး ကလေးငယ်ရဲ့ မျက်နှာအစုံကို မြတ်နိုးစွာကြည့်နေမိသည်။

*ငယ်ရယ် ကိုယ်စောင့်ဆိုင်း‌ခဲ့ရတဲ့ရက်ကို ရောက်ချင်နေပြီ*

... အတော်ကြာ ထိုင်ပြီးမှ ကလေး ရဲ့ သူငယ်ချင်းတွေလာရှာမှအသာပွေ့ကာာ ကလေးငယ်တို့အခန်းထဲ ‌ထည့်ရင်း သိပ်ခဲ့ရသေးသည်။
----

မနက်၇နာရီထိုး‌တော့ အကုန် အသီးသီး အခန်းထဲက ထွက်လာပြီး မနက်စာ ထွက်စားကျကာာာ ကမ်းခြေသို့ ခြေဦးလှည့်ခဲ့ကျသည်။

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now