Part-20

1.9K 58 2
                                    

Unicoad

ဒီနေ့လဲ ဦးနောင်တယောက် တောင်းကမ်းပါးနားကကျောက်တုံးပေါ်မှာလာထိုင်နေခဲ့သည်။

ချစ်ရတဲ့ ငယ့်အကြောင်းတွေးမိပြန်တော့ မျက်ရည်ကတာကျိုးသလိုပင်။

"ကိုယ် တကယ်အဆင်မပြေဘူးးအချစ်ရယ် ! ကိုယ်ဘယ်လိုလုပ်ရမလဲဟင်! သူတို့ပြောသလို ငယ့်ကိုသေပြီလို့ သတ်မှတ်ရမှာလားး??? ဟင့်အင်းး
မဖြစ်နိုင်တာကိုနော်!

သူတို့ပြောသလိုသတ်မှတ်လိုက်တော့လဲကောင်းသားးပဲ

အနည်းဆုံး ငယ်ဒီလမ်းမှာ ရှိနေတယ်ဆို၊ ကိုယ်ပါအတူလိုက်ခဲ့လို့ရတာပေါ့နော် ဟားဟားး"

ရယ်နေပေမဲ့ မျက်ရည်တွေနဲ့

"ကျစ် ဒီမျက်ရည်တွေကတော့ ခမ်းမခန်းနိုင်တော့ဘူးးး"

မျက်ရည်တွေကို အကြမ်းပတမ်းဆွဲသုတ်လိုက်သည်။

ထို့နောက် တစ်လှမ်းချင်း တစ်လှမ်းချင်းချောက်အစွန်းကိုလျှောက်သွားလိုက်သည်။

ညကအိပ်မက်ထဲမှာ ငယ်ကလေ သူ့စီကိုလာပါတဲ့
ခေါ်နေရှာတာ!!

"လ်ုက်ခဲ့ဆို ကိုယ်ဒီနည်းကိုရွေးရမှာပေါ့နော် "

မျက်လုံးးစုံမှိတ်ချလိုက်ပြီးနောက်!!!

"ဟေ့ လူလေး ဘာလုပ်တာလဲ ဟေ့"

ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့် မှိတ်ထားသော မျက်လုံးကိုပြန်ဖွင့်ပြီး အသံလာရာကိုကြည့်လိုက်တော့ ခပ်လှမ်းလှမ်းကပြေးကာအနားရောက်လာသည့် အဘ တယောက်။

"မင်းဘာလို့ ဒီလိုလုပ်ဖို့ကြံရသလဲ အဖန် ၅၀၀ ၅ကမ္ဘာတောင်ခံရမှာလေကွယ်"

ထိူလူကြီးမှာတော့ သူပြောသမျှကို မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းတွေဖြင့်ပြန်ကြည့်နေသော ထိူလူငယ်ကြောင့် သနားမိသွားသည်

*ဘယ်လောက်တောင် ခံစားနေရသလဲ မတွေးတတ် .. ယောင်္ကျားသားတို့မည်သည် မျက်ရည်မလွယ်တတ်တာသိပေမဲ့ ဒီကလေးက မျက်ရည်လည်ရွှဲဖြင့် *

" လူလေးကို တွေ့ တွေ့ နေတာ အတော်ကြာရောပေါ့
ဒီနေ့မှ ဘယ်လ်ုဖြစ်လို့ မကြံကောင်းတာကြံရသလဲ"

အချစ်ဆုံမှတ်(အခ်စ္ဆုံမွတ္)Where stories live. Discover now