1. ငါ့မှာ သားတစ်ယောက်ရှိတယ် ( zawgyi)

656 37 5
                                    

" ဖေဖေ"

"ဘာလဲ"

"သားသား ဗိုက်ဆာလို့"

"သည်းခံဦး"

"....."

မနက်ခင်းလေးမှာ လေပြေလေးက ညှင်သာ စွာတိုက်နေတယ် ၊ သစ်ရွက်လေးတေက လှုပ်လိုက်တိုင်း တရှဲရှဲ မြည်နေတယ် ၊ ပီးတော့ လေထဲမှာ ဟင်းနံ့တေ နဲ့ ပြည့်နေတယ်

ရူကျောင် ဟာ မျက်နှာသေ နဲ့ ပြန်ဖြေလိုက်ပီးတော့ သစ်ပင် အရိပ်အောက်က တောင်ပို့ လေးပေါ်မှာ ဆက်ထိုင်နေလိုက်တယ် ၊ ပီးတော့ နန်ဝမ်ရွာ ဘက်ကို မျက်နှာမူပီးတော့ အဝေးတစ်နေရာကို တွေတွေကြီး ငေးကြည့်နေ ခဲ့တယ်

သူ့ရဲ့ နာမည်အရင်းက ရူမင်ကျောင် အဓိပ္ပါယ်က အလားအလာကောင်းတဲ့ အနာဂတ် ၊ ဒါပေမဲ့ သူ က ခုမှ ဘွဲ့ ရပီးတာ ၊ အလုပ်လုပ်ရင်း နဲ့ သူရဲ့ အကန့်အသတ်မရှိတဲ့ အနာဂတ်ကို အကောင်အထည်ဖော် မယ်ဆိုပီး ပြင်ဆင်နေ တုန်းရှိသေးတယ်၊ ဘုရားသခင်က သူ့ကို အကြီးကြီး နောက်ပြောင်လိုက်တယ်😖

သူက ပစ္စည်းသွားယူဖို့ ဆိုပီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့ တယ် ၊ အဲ့မှာ လှေကားပေါ်ကနေ မတော်တဆ ချော်ကျ သွားပီးတော့ ၁၉၈၀ ခုနှစ်က ရူကျောင်ဆိုတဲ့လူရဲ့ ကိုယ်ထဲကို ထူးထူးခြားခြား ရောက်သွားခဲ့တယ်။

ဒီမှာ အင်တာနက်လည်းမရှိဘူး ၊TV လဲမရှိဘူး ၊ ပီးတော့ စားစရာလေးတောင် ရှိမနေဘူး ။ ဝတ်စရာနဲ့ နေစရာ ရှားပါးတာက ထားပါတော့ ဒါမဲ့ သူကို အံ့အားအသင့်ဆုံး ဖြစ်စေတာက သူ့မှာ ၂ နှစ်အရွယ် သားလေး ရှိနေတာပဲ ၊ လောကမှာ ဒီလို အဖြစ်မျိုးရှိသေးတာလား?😧

ဟုတ်တယ် အဲ့တာက အသက်၂နှစ်အရွယ် သားလေးတစ်ယောက်ပါပဲ၊ ဒါမဲ့ အဲ့ကလေးက မိန်းမက မွေးခဲ့တာ မဟုတ်ပဲ ရူယွမ်ကျောင် ဆိုတဲ့ ဒီ ခန္ဒာကိုယ်ပိုင်ရှင်က မွေးထားတာ တဲ့

လိုရင်းတိုရှင်းပဲ ပြောရမယ်ဆိုရင် ရူယွမ်ကျောင် ဆိုတဲ့ ဒီ ခန္ဒာကိုယ်ပိုင်ရှင်က သားလေးတယောက်မွေးထားတယ်၊ ကလေး နာမည်က ရူဖန် လို့ခေါ်တယ်၊ ရူဖန် က လှပတဲ့ မျက်လုံးလေးတေ ရှိပီး ချစ်စရာကောင်းတဲ့ကလေး တယောက် ဒါမဲ့ သူ့ရဲ့ တခြားအဖေ တယောက်က ဘယ်သူလဲဆိုတာ သူမသိဘူး

1980 ခုနစ်မှာ ပြန်မွေးဖွား လာတယ်Where stories live. Discover now