Wave (MinWon) Unicode**

970 49 7
                                    

Wave [Mingyu x Wonwoo]

ရေလှိုင်းလေးလို မင်းအနားအမြဲရှိချင်ပါတယ်။
ဘယ်နေရာကို ရောက်နေပါစေ အချိန်တစ်ခုကြာရင် ကမ်းစပ်ဖြစ်တဲ့ မင်းဆီမှာ အဆုံးသတ်ပါရစေ။

ပင်လယ်ကမ်းစပ်မှာ တွေ့ဆုံခဲ့ရတဲ့ သူစိမ်းနှစ်ယောက်က နောင်တစ်ချိန်မှာ တစ်ဘဝလုံးစာ နီးစပ်သွားတာမျိုးကလည်း ကံကြမ္မာဖန်တီးမှု။

Mingyu ရဲ့ ဘဝက ဘာလဲလို့မေးရင် သူ့အလုပ်လုပ်တဲ့နေရာဖြစ်တဲ့ ဓာတ်ပုံရိုက်သည့် သူ့ studio လို့ပဲ ဖြေရပါလိမ့်မည်။ Studio အလတ်စားလေးပေမဲ့ Mingyu ရဲ့ ထူးချွန်တဲ့ အရည်အချင်းကြောင့် အတော်လေးတော့ နာမည်ကြီးလှသည်။

လောကမှာ ထူးချွန်တဲ့လူတွေက နေရာရစမြဲမို့ Mingyu ကလည်း တက်သစ်စတွေထဲ နာမည်တစ်ခုတော့ ရှိပြီးသား။

ငယ်ငယ်ထဲက ပေါင်းလာသည့် ညီအစ်ကိုလို သူငယ်ချင်းမှ ကမ်းခြေမှာ လုပ်မည့် သူ့မင်္ဂလာပွဲကို သေချာလေးဖြစ်စေချင်ပါသည်ဆိုသော အကြောင်းပြချက်နှင့် Mingyu မှာ OutDoor Shooting ဆိုပြီး Woljeongri ရောက်လာခြင်း။

Woljeongri ကမ်းခြေရဲ့ ကမ်းစပ်မှာ အဆုံးသတ်တဲ့ ရေလှိုင်းတွေလိုမျိုး
ရေလှိုင်းလေး Mingyu လည်း သူ့ရဲ့မြတ်နိုးရာ ကမ်းစပ်နဲ့ ဆုံရမယ်လို့ မထင်ခဲ့ရိုးအမှန်။
(လှိုင်းတွေက ပင်လယ်နဲ့စပြီး ကမ်းစပ်နဲ့အဆုံးသတ်သလိုမျိုး Mingyu အတွက်ကျ အဆုံးသတ်တယ်အစား နားခိုရာပေါ့)

ချစ်ကြည့် ငါ့ကောင်~~သူက မင်းဘဝ ဖြစ်လာ
လိမ့်မယ်။

သူငယ်ချင်းဆီ ရောက်တော့ ညနေခင်းဖြစ်နေပြီမို့ Mingyu လည်း သူ့ဆီတန်းသွားပြီး အခြေအနေအကျိုးအကြောင်း ပြောကာ နက်ဖြန်အတွက် ဆုံရန်ချိန်းလိုက်ကြသည်။

တည်းခိုခန်းဆီရောက်တော့ လိုတာအကုန် စီစစ်ပြီး ကမ်းခြေဘက် ထွက်လာခဲ့လိုက်သည်။

Woljeongri ကမ်းခြေက နာမည်ကြီးပဲမို့ Mingyu အနေနဲ့ View လှလှလေးတွေကို လက်လွှတ်ခံလို့မဖြစ်ချေ။

ကမ်းခြေဘက် ထွက်ခဲ့လိုက်တော့ လုံးဝကို လန်းလှ
သည့် သဘာဝရှူခင်းကြီးက အသင့်စောင့်မျှော်နေလျက်။

Random One Shot Collection (SEVENTEEN)Where stories live. Discover now