Part - 33

161 3 0
                                    


Unicode ....

ကားပေါ်မှာထိုင်နေရင်းသူ့ဘေးမှာထိုင်နေတဲ့မိုးကို ကမ္ဘာမြေ လှည့်မေးလိုက်တယ်..

" မိုးကမ္ဘာ နင်လိမ်မာရဲ့လား "

ဒါနဲ့မေမေက

" သားညီမကတော့သိတဲ့အတိုင်းပဲသားရေ "

" ဟာ မေမေကလဲ သမီးလိမ္မာတယ်လေ "

" လိမ္မာပါတယ်ရှင်...လိမ္မာပါတယ်.. "

" ဟီး....ဒါမှ မေမေပေါ့... "

ဒီဘက်ထောင့်စွန်းမှာထိုင်နေတဲ့ကောင်မလေးကို ဟိုဘက်ထောင့်မှာထိုင်နေတဲ့ကောင်လေးကကြည့်ပြီးပြုံးနေတယ်..အလယ်ကကမ္ဘာမြေကတောင့်တောင့်ကြီးပေါ့....

အိမ်ရောက်တော့အမေချက်ထားတဲ့ဟင်းကိုအရသာရှိရှိစားသောက်ပြီး ဧည့်ခန်းထဲမှာထိုင်နေကြတယ်..အဖေက...

" သားလာပြီဆိုတော့အဖေလည်းအလုပ်နားရပြီပေါ့..အဖေတို့ company ကိုသားပဲဦးစည်းလိုက်တော့..မနက်ဖြန်ကစပြီးသား သူဌေးတစ်ယောက်အနေနဲ့အလုပ်ဆင်းဖို့ပြောချင်တယ်.. "

" ဟုတ်ကဲ့ "

" ဒီနေ့ သား သားအိမ်ကိုပြန်မလား..ဒီမှာပဲနားမလား "

" Stephan ပါပါတယ်ဆိုတော့သားအိမ်ပဲပြန်လိုက်ပါ့မယ် "

" Hey ငါကရတယ်..hotel မှာနေလိုက်မယ်..မင်းအိမ်မှာနေချင်ရင်နေလေ "

" ရတယ် အိမ်ပဲသွားကြမယ် "

အထုတ်တွေနဲ့အိမ်ပြန်တော့ အိမ်ကြီးကအကြီးကြီးနဲ့ လူကနှစ်ယောက်ထဲ...

" Steve မင်းဘယ်အခန်းယူမလဲ..ငါက အပေါ်ထပ်ဟိုးဘက်ထောင့်ဆုံးကအခန်း "

" ငါမင်းနဲ့ကပ်ရပ်အခန်းပဲယူလိုက်မယ်လေ "

" A ကိုယ့်အိမ်လိုသဘောထားကွာ..ချက်ပြုတ်တာကငါတို့အရင်ကလိုပဲတစ်ယောက်တစ်လှည့်ပေါ့..အဆင်ပြေမလား.. "

" ပြေတာပေါ့..ငါ့ကိုမင်းရဲ့အိမ်ကြီးမှာတင် အလကားပေးနေတာ ကျေးဇူးတင်ပါတယ်. "

" ရပါတယ်ကွာ..အချင်းချင်းပဲကို..ငါရေချိုးလိုက်ဦးမယ်..မင်းရော.. "

" ငါလည်းရေချိုးမှာပေါ့ "

" ဒီလိုလုပ် ငါအရင်ချိုးမယ်..မင်းပြီးမှချိုးတော့ "

My Little symphony ( U + Z ) Où les histoires vivent. Découvrez maintenant