part 8...

228 10 0
                                    

After one week later,

ထည့်ထားပြီးသား အထုပ်အပိုးတွေကို ကားပေါ်မှာတင်ပေးရင်း မေမေနဲ့ညီမလေးက နေရာရှာနေကြတယ်..

ကားယူသွားတဲ့အဖေကြောင့် သူတို့အခု express စီးနေရခြင်းပင်..တိတ်ဆိတ်ငြိမ်သက်မှုမရှိလှသော Express စီးရတဲ့အရသာကို ကမ္ဘာမြေ သဘောမကျ..အတူတူထိုင်ကာ ရယ်မောနေတဲ့ မေမေနဲ့ညီမလေးကိုအားမနာစွာ နှစ်ခုံစာမှာတစ်ယောက်ထဲထိုင်နေတဲ့သူက စိတ်ရှုပ်နေတယ်..နားထဲကိုနားကြပ်ထည့်ကာ ကမ္ဘာမြေ မျက်လုံးတွေမှိတ်လိုက်တယ်..ပျံ့လွင့်လာတဲ့တေးသွားတွေကြားကနေ အိပ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပါ..တကယ်တော့ ကမ္ဘာမြေ ညကအိပ်မပျော်ခြင်းပင်..ထမင်းစားချိန်မှလာနှိုးသော ညီမလေးကြောင့် ထမင်းဆိုင်ကိုထွက်လာခဲ့တယ်.

" ညီမမှာအကိုလေးတစ်ယောက်ရှိပါတယ်..ရေခဲတုံးနဲ့ နင်လားငါလားအကိုဖြစ်နေတယ် "

မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ မိုးကမ္ဘာက မျက်စောင်းထိုးကာ ကမ္ဘာမြေကို ပြောလာတယ်..

" မင်းကိုကြီးက တည်ငြိမ်တာမကောင်းဘူးလား သမီးရဲ့.."

" မကောင်းပါဘူး အမေရယ် "

" ဘာဖြစ်လို့တုန်း "

" ကိုကို သမီးကို ကျူရှင်လာကြိုတဲ့အချိန်တွေဆိုရင်လေ သမီးသူငယ်ချင်းတွေက ဘေးကနေလိုက်နေကြတာ..နင့်အကိုလား...ချောလိုက်တာ..ဘာညာ..တည်ငြိမ်လိုက်တာဆိုတာကပါသေး..ပြီးရင် တနင့်တပိုး လက်ဆောင်တွေ ချောကလက်တွေ မုန့်တွေပေးခိုင်း..သူကချောကလက်တွေမစားချင်တော့ သမီးကိုကျွေး..ကြည့် အမေ အခု သမီးချောကလက်တွေစားရင်းနဲ့ ဝိတ်တွေတက်လာပြီ "

မျက်ခုံးနှစ်ဖက်ရှုံ့ကာ ချစ်ဖို့ကောင်းအောင်ပြောနေသောသူ့ညီမကို ကမ္ဘာမြေ ဆွဲပြီး ခေါင်းကိုနာနာခေါက်ပစ်ချင်ပါသည်..သူပေးတဲ့ချောကလက်တွေကို သူ့ Crush ကိုသွားသွားပေးတာကျတော့ထည့်မပြော..ကမ္ဘာမြေ စချင်လာ၍..

" မိုးကမ္ဘာ "

" ဘာလဲ "

" ဟဲ့ သမီး ကောင်းကောင်းထူးလေ "

" ဟုတ်ကဲ့ရှင် "

မဲ့ကာပြောလာသောညီမလေးကို ကမ္ဘာမြေ ခက်ရင်းနဲ့အသားကိုထိုးဆွနေရင်းမှ..

My Little symphony ( U + Z ) Where stories live. Discover now