Chapter 1

770 112 9
                                    

Unicode

နွေလယ်နေ့တစ်နေ့၏ မွန်းတည့်ချိန်၌ လမ်းမများထက်တွင် မည်သူမျှမရှိသလောက်ပင်။

လမ်းထောင့်တွင်ဖွင့်ထားသည့် milk teaဆိုင်တစ်ဆိုင်၌ အမျိုးသမီးဝန်ထမ်းတစ်ဦးက ဆိုင်ရှေ့ပြတင်းနားက ကောင်တာတွင်ထိုင်ကာ အိပ်ငိုက်နေ၏။

"ပုလဲမစ်တီးတစ်ခွက်၊ ကျေးဇူး"

"အာ!" ထိုစကားများကို ကြားသည့်အခါ အိပ်ငိုက်နေသည့် အမျိုးသမီးက ခေါင်းကိုအမြန်မော့လိုက်ပြီး အကျင့်ပါနေသည့်အတိုင်း ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ဘာများ....."

သူမ၏ ပြောလက်စစကားများ ရပ်တန့်ကုန်၏။

နေက မီးကျွမ်းနေသကဲ့သို့ ပူလောင်လျက်ရှိပြီး လေကလည်း နည်းနည်းလေးတောင် တိုက်မနေခဲ့။ မြေပြင်က အပူရှိန်ကြောင့်ပင် တရှဲရှဲမြည်နေသယောင် ထင်ရစေသည်။

လူငယ်လေးက နေပူပူထဲတွင် မည်သည့်အမိုးအကာမျှမပါဘဲ ရပ်နေခဲ့သည်၊ နွေနေ၏အပူရှိန်ကို လုံးဝမခံစားမိသလိုပင်။ သူက မျက်လုံးကိုအနည်းငယ်စောင်းကာ ပြတင်းပေါက်မှတဆင့် လှမ်းကြည့်လိုက်သည်။

သူ့အသားအရေက အလွန်ဖြူဖျော့နေပြီး ပိန်ပါးပါးကိုယ်ထည်ကို ပိုင်ဆိုင်ထား၏။ သူ့မျက်လုံးများနှင့် ဆံပင်အရောင်က အရောင်ဖျော့သည့်ဘက်ကိုသွားပြီး နေရောင်အောက်တွင် ပယင်းရောင်ထနေသည်။ သူ၏ အလွန်အမင်းဖြူဖွေးနေသည့် အသားအရေက နေရောင်နှင့်ထိတွေ့ဖူးသည့် အရိပ်အယောင်မရှိသည့်အပြင် သူ့နဖူးနှင့်နှာခေါင်းထိပ်တွင်လည်း ချွေးတစ်စက်မှရှိမနေချေ။

တစ်ဖက်လူဘက်မှ မည်သည့်စကားမှ ပြန်မပြောသည်ကို မြင်သည့်အခါ ယဲ့ကျား ယဉ်ယဉ်ကျေးကျေးပင် ချောင်းဟန့်လိုက်သည်။
"ဒီမှာခင်ဗျ?"

အမျိုးသမီးဝန်ထမ်းက မြန်မြန်ဆန်ဆန်ပင် သတိပြန်ဝင်လာပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အို..အိုး! ကျွန်မလုပ်ပေးပါ့မယ်!"

သူမကနောက်လှည့်ကာ တစ်ဖက်မှာရှိသည့် စက္ကူခွက်လေးကို လှမ်းယူပြီး မေးလိုက်သည်။
"ပုံမှန်အပူပဲလား၊ အအေးလား?"

After an Infinite Flow Player Retires [MM Translation]Where stories live. Discover now