အခန်း(၁)

6.1K 275 0
                                    

လင်းရှီက လမ်းမပေါ်ကနေ ကလပ်တံခါးနားကို ပေါ့ပေါ့ပါးပါး မောင်းဆင်းလိုက်သည်။ သူကားထဲက ထွက်လိုက်ပြီး ကားသော့ကို valet ထံ ပစ်ပေးလိုက်သည်။ သူ့ရဲ့ ခြေထောက်ရှည်တွေကို ဆန့်ထုတ်လိုက်ပြီး ထွက်သွားတော့သည်။

မှိန်ပြပြမီးရောင်ထဲမှာတော့ ညို့ငင်အားပြင်းသည့် မိန်းမက သူ့ကို ရည်ရွယ်ချက်ရှိရှိ ပွတ်တိုက်နေဆဲပါ။လင်းရှီက ဒုတိယထပ်ရှိ သီးသန့်အခန်းထဲမဝင်ခင် သူ့လက်ချောင်းများကို မြှောက်လိုက်ပြီး သူတို့ကို လမ်းကြောင်းလွဲစေလိုက်သည်။

အပြင်ဘက်က ဝိတ်တာတစ်ယောက် သူ့အတွက် တံခါးဖွင့်ပေးပြီး သူ ဖြေးဖြေးချင်း လျှောက်လာခဲ့သည်။ အခန်းထဲမှာတော့ သူမမြင်ရသေးသည့် အပေါင်းအသင်းများနှင့် ပြည့်နေသည်။ သူတို့အားလုံးက သူ့ကို ကြည့်လာကြသည်။ လုလင်းရှင်းက သူ့လက်မောင်းကို ဘေးသို့တွန်းဖယ်လိုက်ပြီး လေချွန်လိုက်သည်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒါက ဘယ်သူပါလိမ့်! ငါတို့ရဲ့ ရသေ့ရောင်းရင်းကြီး မစ္စတာလင်း မဟုတ်ပါလား!"

"သွားစမ်းပါ" လင်းရှီက လက်မောင်းကို တွန်းထုတ်လိုက်ပြီး သူ့ဘေးမှာထိုင်ခိုင်းလိုက်သည်။ "ရသေ့ မင်းဘာကိုဆိုလိုတာလဲ။ မင်းအရိုက်ခံချင်လို့ ယားနေတာလား"

လုလင်းရှင်းက ဝိုင်နီထည့်ထားတဲ့ဖန်ခွက်ကို လက်ထဲတွင် ကိုင်ထားသည်။ သူ့ပါးစပ်က တွန့်ကွေးသွားပြီး ထိုအရာက သူ့အား ထူးထူးခြားခြားကို ထင်ပေါ်စေသည်။

"ပျော်စရာလေးတွေရှိလို့ လာဖို့ဖိတ်တာကို မင်းကတုံ့တောင် မတုံ့ပြန်ဘူး... အစ်ကိုက မင်းကို အိမ်မှာ ပိတ်ထားလို့လား"

"ဘယ်လိုဟာသလဲ။ သူက အမြဲငါ့ကို ကန့်သတ်ဖို့ ကြိုးစားနေတာလား။ သူက ငါ့ကို ဖျက်စီးဖို့ လုပ်နေတာပဲ"

လင်းရှီက ဝိုင်နီကို ချလိုက်ပြီး ပူရှိန်းတစ်ခုကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူစိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

"အဲ့ဒီတစ်စုံတစ်ခုက မကြာသေးခင်ကမှ ဖြစ်ပေါ်လာတာ"

"မင်းအတွက်"

Unexpected Marriage Where stories live. Discover now