အခန်း(၄)

1.3K 191 0
                                    

လင်းရှီ ငယ်ငယ်တုန်းက သူ့ကို သွမ့်ရှန်က ဆင်ဆင်ခြင်ခြင် ပြုမူရမယ်ဆိုသည့် တူညီ တဲ့စကားလုံးကို ပြောလေ့ရှိသည်။ ထိုအချိန်တုန်းကတော့ သွမ့်ရှန်က သူ့ကို ရှီရှီဟုသာ ခေါ်တတ်သည်။

ထူးဆန်းသည်မှာ လင်းရှီအစ်ကို လင်းဟယ့်က သူ့ကို လင်းရှီဟုခေါ်သည့် ပထမဆုံးလူဖြစ်သည်။ သွမ့်ရှန်ကသူ့ကို ရှီရှီဟု စတင်ခေါ်ပြီးသည့် နောက်မှသာ သူနှင့် လိုက်လျောညီထွေ ရှိလာခဲ့သည်။

ထိုစဥ်က လင်းဟယ့်က မေးစေ့ကို ပွတ်ခဲ့ပြီး ပဟေဠိဖြစ်နေခဲ့သည်။

ဒါက ထူးဆန်းတာပဲ။ ငါတောင် ဒီလိုရင်းနှီးတဲ့ နာမည်ပြောင်တွေကို မသုံးဘူး၊ ဘာသဘောတူညီချက် ရှိထားလို့ မင်းဒီလိုတွေ သုံးနေရတာလဲ။ သူက မိန်းကလေး နာမည်ခေါ်ခံရတဲ့ လိမ္မာတဲ့ ကောင်လေးပါ

ဒါပေမဲ့ လင်းရှီငယ်ငယ်က သူတကယ် သွမ့်ရှန်နားတွင် နေရတာကို ပိုပျော်ခဲ့သည်။ သွမ့်ရှန်က သူ့စားပွဲမှာ စာဖတ်နေတယ်ဆို လင်းရှီက နောက်ကနေ သွမ့်ရှန်လည်ပင်းကို လက်မောင်းနဲ့ ဖက်ထားပြီး နောက်ကျောမှာ လှဲနေလိမ့်မည်။

အဲ့ဒီအခါ သွမ့်ရှန်က သူ့စာအုပ်ကို မကြည့်ဘဲ လေသံတိုးတိုးနှင့်... ရှီရှီ အပြုအမူဆင်ခြင်ပါကွာ... သွား ကိုယ့်ဘာသာကိုယ် ကစားနေလေ

လင်းရှီက တစ်ခါတစ်လေ သွမ့်မိသားစုဆီမှာ အိပ်တတ်သည်။ သူက အိပ်ယာထဲမှာ လှဲလျောင်းနေပြီး ထဖို့ငြင်းပယ်မယ်ဆို သွမ့်ရှန်က သူ့နားမှာထိုင်ပြီး ပါးလေးကိုပုတ်ကာ... ထတော့... ရှီရှီ ဆင်ဆင်ခြင်ခြင် ပြုမူရမယ်လေ

လင်းရှီရဲ့မွေးနေ့ဆိုရင် သူက ချယ်ရီသီးတွေ တင်ထားတဲ့ကိတ်ကို သွမ့်ရှန်ပန်းကန်ထဲ ထည့်ပြီး ခရင်မ်တွေကို သွမ့်ရှန်မျက်နှာပေါ် ပေကျံစေမည်။ အဲ့ဒီအခါမှာ သွမ့်ရှန်က မျက်မှောင်ကြုပ်ကာ သူ့ကိုဆိုဖာပေါ်ချပေးမည်။

"ရှီရှီ ပြဿနာမရှာနဲ့"

ထို့နောက် သူ့ပန်းကန်ထဲက ချယ်ရီသီးတွေကို ယူပြီး လင်းရှီကို အကုန်ကျွေးလိမ့်မည်။

လင်းရှီက ချယ်ရီသီးတွေကို ဝါးစားပြီး အစေ့ကို သူ့လက်ပေါ်သို့တင်ကာ ၎င်းကို လက်ဆောင်တစ်ခုလိုမျိုး သွမ့်ရှန်အား ပြလိမ့်မည်။

Unexpected Marriage Where stories live. Discover now