အခန်း(၂)

2.1K 205 4
                                    

လင်းရှီက ထိုသူရဲ့လက်ကို တွန်းထုတ်လိုက်ပြီး သူ့ကို နတ်ဆိုးတစ်မျိုး စီးနင်းနေသည့်အလား နောက်ကိုလှည့်မကြည့်ဘဲ အောက်သို့ ဆင်းသွားသည်။

သူ့အိတ်ကပ်ထဲက ဖုန်းတုန်ခါလာသည့်အခါမှာ သူကလှေကား အောက်ခြေတောင် မရောက်သေးပေ။ ဖုန်းကို ဆွဲထုတ်လိုက်ပြီး မဖတ်ရသေးသောစာများကို နှိပ်လိုက်သည်။

“ဘားရဲ့တံခါးနားမှာ စောင့်နေ”

လင်းရှီက နှာမှုတ်လိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲ  ထည့်လိုက်သည်။ တံခါးနားထွက်လာလိုက်ပြီး နီးကပ်လာသည့် valet ကို ဆွဲလိုက်ကာ... “ငါ့ကို ကားသော့ပေးစမ်း၊ မြန်မြန်”

valet က တုံ့ဆိုင်းသွားပေမဲ့ ပြောသည်ကို မနာခံခဲ့ပေ။

လင်းရှီရဲ့ မျက်နှာအမူအရာက အေးစက်သွားသည်။

“မင်း ငါပြောနေတာ မကြားဘူးလား”

valet မျက်နှာအမူအရာက အရမ်းသနားစရာ ကောင်းနေပြီး သူက ရှင်းပြခဲ့သည်။

“မန်နေဂျာက ကျွန်တော့်ကို ပြောထားလို့ လူကြီးမင်းကို ကားသော့မပေးနိုင်ပါဘူး”

“…” လင်းရှီက ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်ကာ အနားရှိ လမ်းကြားထဲကို အမြန်လျှောက်သွားလိုက်ပြီး သူ့မျက်နှာအမူအရာက လူသတ်ချင်စိတ် ပေါက်နေသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က နောက်မှဆွဲလာခဲ့သည်။

လင်းရှီက အသက်ပြင်းပြင်း ရှုလိုက်ပြီး နောက်လှည့်ကြည့်လိုက်တော့ လုလင်းရှင်းနဲ့ မျက်နှာချင်းဆိုင် လိုက်ရသည်။ သူက ရှာဖွေတွေ့ရှိခြင်းကြောင့် စိတ်သက်သာရသလို သက်ပြင်းချချက်က ချယ်ရီရောင် မျက်နှာပေါ် ထင်ဟပ်နေသည်။

“ဘာလဲ။ မင်းလည်း ပြန်တော့မှာလား”

လုလင်းရှင်းက ခေါင်းခါလိုက်ပြီး အောင်မြင်နိုင်ချေမရှိ၊ ကူရာမဲ့နေပုံဖြင့် ကြည့်နေသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိက အချက်ကတော့ သူ့နောက်တွင် ရှိနေသည့်သူကြောင့် ဖြစ်သည်။

ထိုနေရာတွင် လုလင်းရှင်းထက် အရပ်ရှည်သည့်လူက မတ်တပ်ရပ်နေပြီး ထိုသူ့၏ လက်ပေါ်မှာတော့ အနောက်တိုင်းဝတ်စုံကို တင်ထားသည်။ သူ့မျက်နှာက အမူအရာမဲ့နေသည်။

Unexpected Marriage Where stories live. Discover now