Part 18

2.9K 550 46
                                    



လေပြေညင်းတွေက မင်းကို မင်းချစ်ရတဲ့လူဆီခေါ်ဆောင်သွားလိမ့်မယ်

___________________________________

2009 December ( ဘူဆန် )

ဒီနှစ်ဘူဆန်သည် အရင်နှစ်တွေကထပ်အများကြီး
နှင်းထူသည်။လမ်းတစ်လျှောက် ဖွေးဆွတ်နေသော
နှင်းများအပေါ်မှာ ချယ်ရီပွင့်ဖတ်တွေလည်းကြွေနေသေး​၏။ချယ်ရီနဲ့နှင်းဖွဲများ အပြိုင်အဆိုင်
လေလွင့်ရင်း ဆောင်းရာသီ​၏အလှတရားကို
ဖန်တီးနေကြသည်။

chanyeol နဲ့ minho တို့နှစ်ယောက် ကော်ဖီဆိုင်​၏
ပြတင်းပေါက်အနားတွင်ထိုင်နေကြသည်။
သီချင်းအေးအေးပျံ့လွင့်နေသော
​ကော်ဖီဆိုင်အတွင်းက မီးအဝါရောင်များနှင့်
နွေးထွေးနေပေမယ့် အပြင်ဘက်တွင်တော့
နှင်းဖွေးဖွေးများနဲ့အေးနေသည်။

minho သည်လက်ထဲကဟမ်ဘာဂါကို
အမြန်ကုန်းစားနေသည်။
အဘယ်ကြောင့်ဆိုသော် နောက် နာရီဝက်တွင်
သင်တန်းအချိန်ပိုရှိနေသည်။
minho ဆိုတာ အမြဲတမ်းအလုပ်များနေတတ်သည့်လူမျိုးသာဖြစ်သည်။
ကြည့်လိုက်တိုင်း တောင်ပြေးမြောက်ပြေးဖြစ်နေတာတွေချည်းပဲ။

" ဖြည်းဖြည်းစားလေ "

ကော်ဖီခွက်ကိုလှမ်းပေးတဲ့အခါ
တစ်ခါထဲအကုန်မော့သောက်လိုက်သူကို
chanyeol စိတ်ကုန်စွာအကြည့်လွှဲလိုက်သည်။

နောက်ဆုံးတွင်တော့ minho လက်ထဲက
ဟမ်ဘာဂါက ၁ လုတ်စာလောက်သာကျန်တော့သည်။
minho သည်ထိုတစ်လုတ်ကိုပါးစပ်ထဲထည့်လိုက်ပြီး
ထိုင်ခုံတွင် စိတ်အေးလက်အေး
ကျောမှီချလိုက်လေသည်။

" အခုပဲ နေသာထိုင်သာရှိတော့တယ်
ဗိုက်ဆာတာသေမလိုပဲ "

Chanyeol သည်ကော်ဖီသာအေးအေးဆေးဆေးသောက်ရင်းအပြင်ဘက်ကိုငေးနေသည်။
မနက်ဖြန်တွင်ကျရောက်လာမယ့်
minho မွေးနေ့အတွက် chanyeol ဘူဆန်ကိုရောက်လာခဲ့ခြင်းဖြစ်သည်။
Chanyeol သည်
ဘူဆန်ကိုတစ်နှစ်တစ်ခေါက်ရောက်သည်။

" မင်းကင်မရာ ခဏပြပါလား "

Chanyeol လည်ပင်းမှာဆွဲထားသော ကင်မရာအဖြူလေးကို minho လှမ်းတောင်းလာခြင်းဖြစ်သည်။
ဒီနှစ်မွေးနေ့မှာ အမေဖြစ်သူက chanyeol အတွက်လက်ဆောင်ပေးထားသော ကင်မရာကို chanyeol ဘူဆန်​၏ရှုခင်းတွေရိုက်ရန်
ယူလာခြင်းဖြစ်သည်။

DO YOUWhere stories live. Discover now