ပျင်းရိဖွယ်ကောင်းသောတစ်နေ့တာ။
ပြတင်းပေါက်ကိုကျောပေးထားသော
ဒီထိုင်ခုံတွင်ထိုင်၏။
ကျောနောက်က ပြတင်းပေါက်အပြင်ကို
အခေါက်တစ်ရာလှည့်ကြည့်ဖြစ်သည်။
ဗိုက်ဆာလာတယ်ထင်ရတဲ့အချိန်မှာ
ထမင်းလာပို့သည်။ကြိုက်တယ်လို့ ခံစားရတဲ့
ဟင်းတွေမို့အကုန်စားဖြစ်သည်။ထိုထိုင်ခုံမှာပြန်ထိုင်သည်။
ပြတင်းပေါက်ကိုလှည့်ကြည့်ဖြစ်သည်။တစ်နေ့ထပ်တစ်နေ့ ဘာမှမလုပ်ရပဲ
အပိတ်ခံထားရသောအခါ
လူကလည်း ရူးချင်လာသည်အိပ်ယာထဲကွေးနေတတ်တဲ့အကျင့်က
မရှိတဲ့အတွက် သူ့ရဲ့နေရာက အဲ့ဒီထိုင်ခုံပေါ်မှာပဲ။
နေ့ရောက်လာတယ်။ညရောက်သွားပြန်တယ်။Baekhyun သည် သူ့မျက်နှာတည့်တည့်သို့တိုးဝင်နေသော နေရောင်ခြည်ကို ခေါင်းတစ်ချက်စောင်းငှဲ့ကာ ကြည့်သည်။
ရောင်ခြည်တွေကလတ်ဆတ်တယ်လို့
ခံစားရတာကြောင့်
သူသည်ထိုင်ရာမှထကာ
လိုက်ကာကိုဆွဲပိတ်ရန်မပြုခင်
ခြံထဲကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
သူ့နေရာနဲ့သူ စောင့်ကြပ်နေကြသော
သက်တော်စောင့်များကို မြင်လိုက်ရတဲ့အခါ
လိုက်ကာကိုဆွဲပိတ်လိုက်ပြီး
ထိုင်ခုံတွင်ပြန်ထိုင်လိုက်သည်။ဒီအခန်းထဲတွင် cctv ရှိနေသည်။
သူသည် 24 နာရီစောင့်ကြည့်ခံနေရတာဖြစ်သည်။
တရုတ်နှင်းဆီပန်းတွေရှိတဲ့အခန်းကို
မျက်နှာချင်းတောင်မဆိုင်နဲ့လို့ parkchanyeol ပြောပြီးကတည်းက baekhyun သည်ဒီအခန်းထဲမှ
အပြင်သို့တစ်လှမ်းတောင်
ထွက်ခွင့်မရှိတော့ခြင်းဖြစ်သည်။ထိုင်ခုံပေါ်က လက်နှစ်ဆစ်လောက်
သာကျန်တော့သော
ရေဘူးကိုမော့သောက်ဖြစ်သည်။ဘာမှလုပ်စရာမရှိတော့တဲ့အဆုံးတွင်တော့
Baekhyun သည်
သူနေ့တိုင်းထုတ်ကြည့်နေကြဖြစ်သော
လူနှစ်ယောက်၏ ဓာတ်ပုံကို
အံဆွဲထဲမှ ထုတ်ယူလိုက်ပြီးနောက်
ထိုင်ခုံကိုမှီကာ ပက်လက်လှန်ချပြီး
ထိုဓာတ်ပုံကိုမိုးပေါ်ထောင်၍ ကြည့်လိုက်သည်ခပ်ရေးရေးမြင်နေသော Parkchanyeol ရဲ့
ပါးချိုင့်တွေနဲ့ ဘေးက တစ်ယောက်၏
နစ်ဝင်နေသော
ပါးချိုင့်နက်တွေ။