အပိုင်း ၇၀

1.4K 141 6
                                    

Uni

“ ကျန်းဝူ ” ဟု လင်းထျန်း ခေါ်လိုက်သည်။

ကျန်းဝူ အနောက်ဘက်လှည့်လိုက်ပြီး လင်းထျန် နဲ့ လီထူတို့ကို ကြည့်ရတာအကျွမ်းတဝင်ရှိတယ်လို့ ကျန်းဝူ ထင်ခဲ့သည်။


“ဘာရှိလို့လဲ?”  လို့ကျန်းဝူမေးလိုက်သည်။

“ နင့်ကိုကျောင်းကောင်စီမှာ ဝင်ခိုင်းစေချင်တယ်”


လင်းထျန်က ကျန်းဝူကို နွေးထွေးစွာစကားပြောနေတာကြောင့် လီထူမနာလို ဖြစ်နေသည်။


“စိတ်မကောင်းပါဘူး။ ငါစိတ်မဝင်စားဘူး ”


“ ကျောင်းကောင်စီ ၀င်ဖြစ်ရတဲ့အတွက် အကျိုးကျေးဇူးတွေရှိတယ်လေ ”

ကျန်းဝူက ကောလိပ်ရှေ့တံခါး အပြင်ဘက်ကို လျှောက်သွားခဲ့သည်။ ဟူရန်းဒီက သူ့ကိုကားဖြင့်တင်ခေါ်ပြီး ယွဲ့ ကုမ္ပဏီဆီကို သွားဖို့လာခေါ်နေပြီ။


“တကယ်လို့ ငါကနင့်ကိုကျောင်းကောင်စီထဲ ဝင်စေချင်တာပါဆိုရင် နင်ဘာလုပ်မှာလဲ”


ကျန်းဝူ ဟာ ဆင်းရဲပေမဲ့ သူကကျောင်းဝင်းထဲမှာ အချောဆုံးယောက်ျားလေးလို့ လင်းထျန်ထင်မိတယ်။  အကယ်၍ ကျန်းဝူက သူမကို တိတ်တိတ်လေး ချစ်နေမယ်ဆိုရင် သူကသူမအတွက် ကျောင်းကောင်စီတွင် ရှိလိမ့်မည်ဟု ထင်ခဲ့သည်။


“စိတ်မကောင်းပါဘူး”လို့ ကျန်းဝူ ပြောလိုက်သည်။ သူကယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ “ ငါကျောင်းကောင်စီထဲကိုဝင်ဖို့ကို တကယ်စိတ်မဝင်စားလို့ပါ ”

ကျန်းဝူရဲ့အပြုံးက လင်းထျန်ရဲ့ နှလုံးသားကို အခုန်မြန်စေခဲ့သည်။

ကျန်းဝူ က ဟူရန်းဒီ  ရဲ့ကားကို တွေ့လိုက်တယ်။  ဟူရန်းဒီရဲ့ ရည်းစားက ဟူရန်းဒီရဲ့ ကားအပြင်ဘက်တွင် စောင့်နေသည်။


"မဂႅလာပါ " စုရှောင်းယာ နှုတ်ဆက်လိုက်သည်။

ကျန်းဝူက သူမရဲ့ CEOဆိုတာကို စုရှောင်းယာ ရှာဖွေတွေ့ရှိခဲ့သည်။

ဇနီးချောလေးနဲ့ ထက်မြတ်တဲ့သားလေး (Myanmar Translation)    (Completed )   Where stories live. Discover now