🎐အကယ်၍🎐[Uni]

594 36 16
                                    


ဒီနေ့က သူ့အတွက် ပထမဆုံး Dateလုပ်ရမယ့်နေ့ ဖြစ်သည်.။ ထို့ကြောင့်လည်း ဝတ်သွားရန် ဟန်ပြင် နေသော အင်္ကျီများက ကုတင်ပေါ်တွင် ပုံအောနေချေ ပြီ..။

တစ်ထည့် ဆွဲထုတ်လိုက်..၊ မကြိုက်လျှင် ကုတင်​ပေါ် ပစ်တင် လိုက်နှင့် အခုဆို နာရီဝက်ခန့်တောင် ကြာနေ ပြီ..။

~~Ring Ring~~

ကုတင်ပေါ်တွင် ပစ်တင်ထားသော အဝတ်ပုံကြားထဲ မြှုပ်နေသည့် ဖုန်းမြည်လာသဖြင့် သူ လှမ်းနှိုက်ယူကာ ဖုန်းဖြေလိုက် ၏။

"Tae..ကိုယ်အောက်မှာ ရောက်နေပြီနော်.."

"အိုခေ ကို..ခနလေးစောင့် Tae အင်္ကျီဝတ်ပြီး ဆင်း လာခဲ့ မယ်.."

ဖုန်းကို နားမှ ခွာလိုက်ပြီး ကုတင်ပေါ် ပြန်ပစ်တင် လိုက်ကာ အမြန်ဆုံးနည်းဖြင့် အင်္ကျီတစ်ထည် ကောက် စွတ်လိုက်ပြီး ဆင်းလာခဲ့လိုက်သည်..။

>>>>>>>>

"Tae..ကိုယ်တို့ လက်ထပ်ကြရအောင်.."

ရုတ်တရက်ဆန်သော စကားကြောင့် သူ သောက်လက်စ ကော်ဖီပါ သီးသွားလေသည်..။

"ဘယ်လို..လက်ထပ်မယ်?? ဟုတ်လား.."

"အင်း.."

"မစောလွန်းဘူးလား ကို..ဒီနေ့မှ Dateလုပ်တဲ့ သူနဲ့ တစ်ဘဝ လုံး လက်တွဲဖို့ ဆိုတာ ယုတ္တိမရှိဘူးနော်.. အချိန်နည်းနည်းလောက်တော့ စောင့်ပါဦး.."

"ဘာစောင့်စရာလိုတော့လို့လဲ Taeကလဲ..Taeနဲ့ ကိုယ် နဲ့ သိလာတာ ၁နှစ်နီးပါး ရှိနေပြီ.."

သူ၏ လက်တွဲဖော် ဖြစ်လာဟန်ရှိသော Jeon Jungkook ဆီမှ စောဒကတက်သည်ဟု ဆိုနိုင်သော စကားကို ပြောလာချေပြီ..။

သူလည်း ချက်ချင်းပင် မျက်နှာကို လွှဲလိုက်ကာ ဆိုင်ပြင်သို့သာ ငေးကြည့်ရင်း ဖြေရှင်းချက်မမည်သော စကားကို ဆက်လေသည်..။

"လက်ထပ်ဖို့ဆိုတာ လွယ်ပေမဲ့ လက်ထပ်ပြီးရင် ကြုံရမယ့် ဒုက္ခတွေ..ကြားလာရမယ့် ပတ်ဝန်းကျင်က မကောင်းသတင်းတွေ..အဲဒါတွေကို ခံနိုင်ဖို့အတွက် Taeမှာ အင်အားမရှိသေးဘူး..ပြီးတော့ Taeကလည်း ယောက်ျားတစ်ယောက် ဖြစ်သလို ကိုကလည်း ယောက်ျားတစ်ယောက်ပဲလေ..ပိုဆိုးမှာပေါ့"

🎐အကယ်၍🎐 Where stories live. Discover now