MAFIA 5

959 100 6
                                    


ကို့အနားကနေထွက်မသွားလို့ ကျေးဇူးတင်ပါတယ် ကလေးရယ်!

ညည်းသံတစ်ခုကြောင့် မနက် တစ်နာရီတွင် Jimin နိုးလာသည် ။

" ဒါ Jungkook အခန်းထဲကနေလာတဲ့ညည်းသံပဲ ဘာဖြစ်တာလဲမသိဘူး ''

ဆိုကာ Jungkook ရဲ့အခန်းထဲကို ဝင်သွားတော့ ထင်ထားတဲ့အတိုင်း Jungkook အသံဖြစ်နေလေသည်။ နဖူးကိုစမ်းကြည့်တော့

" ဟင် အဖျားတက်နေတာပဲ ဒုက္ခပဲ Jungkook ထအုံး ဆေးသောက်ရမယ် ထအုံး ''

ဘယ်လိုမှနှိုးလို့မရတော့ Jimin တစ်ယောက် ခေါင်းရှုပ်နေသည်

" ဘယ်လိုလုပ်ရမလဲ ဆေးရုံကားခေါ်လိုက်ရမလား မဖြစ်သေးဘူး ဒီအချိန်ကြီးခေါ်လို့မဖြစ်ဘူး ရေပတ်တိုက်ပေးလိုက်မယ် အဆင်ပြေသွားမှာပါ Jungkook ''

Jungkook ကို ရေပတ်တိုက်ပေးပြီးတော့ အဝတ်အစားအသစ်လဲပေးဖို့ Jimin တစ်ယောက်တိုင်ပတ်နေပြန်သည်။

" ယောကျာ်းအချင်းချင်းပဲ ဘာမှတော့ မဖြစ်လောက်ပါဘူး ''

ဆိုကာ အဝတ်အစားလဲပေးလိုက်သည်။ ရေပတ်တိုက်ပြီးတဲ့နောက်ပိုင်း အဖျားကျသွားတော့ Jimin တစ်ယောက် Jungkook ရဲ့ဘေးနားတွင်အိပ်ပျော်သွားသည်။

မိုးလင်းလာသော် Jungkook တစ်ယောက် ညကဒဏ်ကြောင့် ခန္ဓာကိုယ်လေးလံနေသည် ထရန်အားယူလိုက်သော် ခေါင်းမူးလာ၍ပြန်လဲကျသွားသည်

" အား ကျွတ်ကျွတ် ခေါင်းမူးလိုက်တာ  ''

ခန္ဓာကိုယ်ပေါ်ကအဝတ်အစားတွေကိုသတိထားမိတော့

" ဟင် ညတုန်းကဝတ်ထားတဲ့အဝတ်အစားတွေကဘယ်ရောက်သွားတာလဲ ''

" ကျွန်တော် လဲပေးထားတာလေ ''

ရုတ်တရက် အနားကစောင်ပုံထဲကနေခေါင်းလေးထွက်လာပြီး ပြောသော Jimin ကြောင့် Jungkook ရီမိသွားသည် သေးသေးလေးပဲ

" ဘာရီတာလဲ ''

" ငါစောင်ပုံလို့ထင်နေတာလေ မင်းအိပ်နေတာလား ဟားဟား ''

" ရီစရာလည်းမပါဘဲနဲ့ရီနေတယ် ကျပ်မပြည့်ဘူးပဲ ''

" ကျွတ် ငါဗိုက်ဆာတယ် တစ်ခုခုချက်လာပေး ''

My lover is a MAFIA Where stories live. Discover now