MAFIA 6

786 85 1
                                    


" Jimin ah ဒီည club သွားရအောင် ''

" မင်းရူးနေလား ငါတို့ကကျောင်းသားတွေလေ ''

" ကျောင်းသားမလာရဆိုပြီးဘယ် club ကစာထုတ်ထားတာလဲ တစ်ခါတစ်လေပဲဟာကို ''

" ငါ Jungkook စိတ်ဆိုးအောင် မလုပ်တော့ဘူး လို့ဆုံးဖြတ်ထားတယ် ''

" အော် မင်းကသူ့ကြောင့်ငါနဲ့အတူ club ကိုမသွားချင်တာကိုး ''

" အဲ့လိုလည်း မဟုတ်ဘူးကွာ ငါကိုယ်တိုင်လည်းမသွားချင်လို့ပါ ''

" မဟုတ်ပါဘူး မင်းက Jungkook ကိုပဲရွေးချယ်သွားတာ ''

" ဟာ မင်းကလဲ ငါရွေးချယ်နေတာမဟုတ်ဘူး စိတ်မဆိုးစမ်းပါနဲ့ ကလေးလည်းမဟုတ်တော့ဘူး ''

" မင်းကတော်တော်စိတ်ပျက်ဖို့ကောင်းတယ် ''

" မင်းစိတ်ရင်းနဲ့ပြောတဲ့စကားလား Taemin ''

" အေးဟုတ်တယ် မင်းက Jungkook နဲ့ပက်သတ်ရင် ငါ့ကိုထားခဲ့တယ် ဘာလဲ မင်းယောကျာ်းချင်းကြိုက်နေတာလား အော် မေ့လို့လက်တောင်ထပ်ပြီးသွားကြပြီပဲ သူ့အထိအတွေ့တွေကို သာယာနေတော့ ငါ့ကိုပလစ်ထားပြီပဲ ''

' ဖြန်း '

" မင်းက ငါ့သူငယ်ချင်းဖြစ်ပြီး ဘာလို့ဒီလိုတွေပြောထွက်နိုင်ရတာလဲ အနည်းဆုံးတော့ မင်းငါ့ကိုနားလည်ပေးမှာဆိုပြီး ငါတွေးထားတာကို မင်းက အာ တော်ပြီ ငါသွားတော့မယ် ''

ထွက်သွားတဲ့ Jimin ရဲ့နောက်ကျောကိုကြည့်ပြီး Taemin ငိုလိုက်သည်။ Jimin ရိုက်ထားတဲ့ ပါးတစ်ဖက်ကို ကိုင်လိုက်ပြီး

" Jungkook ကြောင့် ငါအရိုက်ခံရတာပေါ့ အဟက် ကောင်းပြီ ငါတို့ရဲ့ ခင်မင်မှုကို ဒီမှာပဲအဆုံးသတ်လိုက်ကြတာပေါ့ ''

မျက်ရည်များကိုသုတ်လိုက်ပြီး ထိုနေရာမှ ထွက်လာလိုက်သည်။ ဦးတည်ရာကတော့ Jimin မသွားချင်သည့် club သျို့......

ညနက်မှအိမ်ပြန်လာသော သားဖြစ်သူ Taemin အား အဖေဖြစ်သူ Jeon Daniel က

" မင်းကိုဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး ခြေလှမ်းတွေ ပျက်နေပြီ ''

" အဟက် ခင်ဗျားကဘယ်လိုလုပ်ချင်လို့လဲ ''

အမေနဲ့ကျွန်တော့်အပေါ် မကောင်းခဲ့တဲ့သူကို အဖေလို့မခေါ်တာ လူမှန်းသိတတ်စအရွယ်တုန်းကပင် သူကလည်း သားအဖြစ်အသိအမှတ်မပြုသလို ကျွန်တော်ကလည်း အဖေလို့သတ်မှတ်မထားခဲ့ပေ ။ ဒါပေမယ့် အမေနဲ့ကျွန်တော့်ကိုတော့ သူကျွေးမွေးထားခဲ့သည်။ အဖေသည် အမေ့ကို ညတိုင်းလိုလိုနှိပ်စက်တတ်သည် ကျွန်တော်လည်း သူရိုက်တာ အမြဲတမ်းလိုလို ခံရသည်။ အိမ်ကနေထွက်သွားဖို့လုပ်တော့ သူနည်းမျိုးစုံဖြင့်တားသည် သူဘာဖြစ်ချင်တာလဲ ဆိုတာ သူကလွဲပြီး ဘယ်သူမှမသိနိုင်ပါ ။ ကျွန်တော့်ကိုအဖေက ရိုက်တိုင်း Jimin ဆီကိုပဲသွားသည် Jimin ကသူ့ကို ပျော်ရွှင်မှုတွေပေးနေလို့ပဲ ဒါပေမယ့် သူကျွန်တော့်ကို ပစ်ပယ်သွားပြီ ။

My lover is a MAFIA Where stories live. Discover now