Chapter 1-1

98 5 0
                                    

(Unicode....)

2018 ခုနှစ် July လ 5ရက်နေ့ ညနေ ၄နာရီအချိန်....

ညောင်ဦးဖီးကျွန်းရဲ့ ဒိတ်ဒိတ်ကျဲသူ​ေဋ္ဌးတစ်ယောက် မင်္ဂလာပွဲကြီးကို SXAN လို့အမည်ပေးထားတဲ့ Hotelကြီး၌ကျင်းပရန်ပြင်ဆင်နေကြသည်။အလွန်ပင် ခမ်းနားလွန်းသည်။ ဆောင်းရဲ့မနက်ခင်းမှာ စုစည်းမိတဲ့တိမ်ဆိုင်များသဖွယ် ပန်းခက် များက ဗေဒါရောင်ပွင့်ဖက် များ နှင့် ယှက်နွယ်ထားသည်မို့ ရင်သက်ရှုမောဖွယ်ကောင်း၏။ ကြည့်ရှုသူအဖို့ ပိုပြီးမြိုင်လာအောင် ဝေဟင်အထက်က အဖြူရောင်ဘောလုံးများစွာကလည်း လေဟုန်စီးလျက်။သာမာန်မိန်းခလေးတစ်ယောက်သာဆိုရင်ဖြင့် မစဥ္းစားဝံ့ပြီ။

သို့ပေမယ့် သူဌေးကြီးဦးစိန်အောင်၏ တစ်ဦးတည်းသောသမီး မင်္ဂလာပွဲ ဆိုသည်မို့ လူစည်ကားလွန်းသည်။

အဖေတစ်ခုသမီးတစ်ခုမို့ ဆောင်းယုနွယ် ကို 
လက်လွှတ်လိုက်ရသည်မှာစောလှသည်။ သို့ပေမယ့် မတက်နိုင်။ ဆန်  ဆိုသည့်အမျိုးသားကိုမှ လင်ယောက်ျားတော်ချင်သူမို့ ဦးစိန်အောင်  မျက်ရည်ဝဲရ၏။

-----------------------

မင်္ဂလာပွဲမစမီ ၁၅မိနစ်.......

"နွယ်ရယ် ဘာလို့အဲ့လောက်တောင် လှရက်နေရတာလဲကွာ၊ ခန်းမထဲကိုတောင် ပေးမသွားစေချင်တော့ဘူး၊သူများတွေကြည့်ကုန်မှဖြင့်"

​ပုံစံသွင်း ထွင်းထုထားသည့် ကြွေရုပ်ထက်ကိုပင်  ဆောင်းယုနွယ်  ဆိုသည့်မိန်းခလေးက ရက်ရက်စက်စက်ကိုလှ၏။
မြင်သူအဖို့ရူးလောက်သည်။ မထိရက်
မကိုင်ရက်လောက်အောင်လှသည်မို့ ဒိတ်ဒိတ်ကျဲ သူဌေးလေး ဆန် နှင့် မေတ္တာမျှမိသည်မှာ အဆန်းပင်မဟုတ်ပေ။

"ကိုရယ် ....နွယ်ဘယ်လောက်ဘဲ လှပါစေ  ကိုကို့အပိုင် ဖြစ်နေပြီမဟုတ်လား ဘာကိုများ စိုးရိမ်နေတာလဲဟင်"

"ကိုယ်စိုးရိမ်တာက နွယ်ကိုယ့်ကိုငြိုငြင်သွားမှာကို..."

"ပေါက်ကရတွေ လျှောက် မတွေးပါနဲ့လားကိုကိုရယ် ....နွယ်က ကိုကို့ကိုအရမ်းချစ်လို့ပဲလက်ထပ်ပွဲကို အမြန်စီစဥ္ခဲ့တာကိုပဲကြည့်"

မိုး မှ သ ည် ​ေ နွ ဦ း [Rain from spring]Où les histoires vivent. Découvrez maintenant