Chapter 1-2

49 4 0
                                    

(Unicode)___________

စိတ္တဇဆေးရုံ၏ ရုံးခန်းအတွင်း စားပွဲပေါ်မှ
vibrate mode လုပ်ထားသည့် ဖုန်းတုန်ခါနေသည်ကို မည်သူမျှ သတိမထားမိကြပေ။

ထပ်ခါထပ်ခါတုန်နေသည်မို့​ ရုံးခန်းအတွင်းရှိသူနာပြုမလေးက သတိပြုမိသွား၏။
ဖုန်းကို အမြန်ပြေးကိုင်လိုက်တော့ နံပါတ်၈လုံးသာပါသည့် အဝင်ကောမို့အမြန်ဖုန်းဖြေလိုက်၏ ။

"ဟယ်လို.....အမိန့်ရှိပါရှင်"

"ဒေါက်တာကြီးရှိလား"

"ဆရာကြီးအပြင်မှာRound လှည့်နေလို့ပါ ဘာများသွားပြောပေးရမလဲ ရှင့် "

"ဒေါက်တာကြီးဆီကို ဖုန်းသွားပေးပေးပါလား သမီးရယ် အန်တီ အရေးကြီးပြောစရာရှိလို့ပါ  အခုချက်ချင်းသွားပေးပေးပါနော်"

ဒေါက်တာကြီးရှိရာအခန်းဆီ သူနာပြုမလေး​ ကမတုံ့မဆိုင်းဘဲ ပြေးသွားကာ ဖုန်းလှမ်းပေးလိုက်၏။

"ဆရာ ...အမျိုးသမီးတစ်ယောက် ဆရာ့ဆီကို ဖုန်းခေါ်ထားတယ် အခု ဆရာနဲ့အရေးကြီးကိစ္စပြောချင်တယ်တဲ့"

သူနာပြုမလေးလှမ်းပေးလာသည့်ဖုန်းကိုကြည့်လိုက်တော့ သူနှင့်မစိမ်းလှသည်မို့...

" ယဥ္နု ဘာကိစ္စလဲ "

"ငါ့ သားလေး ဆန်   စိတ်တွေဂယောင်ခြောက်ခြား ဖြစ်နေပြီး ထိန်းမရဖြစ်နေတယ်၊  နင့်ဆေးရုံမှာ VIPအခန်း ရှိရင်အမြန်ရှင်းထားပေးပါလား ၊Doctor ၂ယောက်လောက်အသင့်ရှာထားပေးနော် ၊နောက်၂နာရီလောက်ဆိုရင်ရောက် မယ်"

"ဆန်  ကိုငါပေးတဲ့ သည်းခြေဆေး
မသောက်ခိုင်းဘူးလား..... ဘာလို့ရုတ်တရက်ကြီးထဖောက်တာလဲ ယဥ္နု"

"ဆေးရုံရောက်ရင်ငါပြောပြမယ် အခုတော့ ငါပြောထားတာလေးကိုအမြန်စီစဥ်ထားပေး ဒါပဲနော်..."

သူငယ်ချင်း၏ သားဖြစ်သူမို့  Drကြီးလည်းဒေါ်ယဥ္နုမှာသည့်အတိုင်း အမြန်ပင် လှုပ်ရှားရသည်။ သူနာပြုမလေးတွေ အပြေးအလွှားအလုပ်ရှုပ်နေကြပြီး လူနာအခန်းကိုအသန့်ရှင်းဆုံး ဖြစ်အောင်ပြင်ဆင်နေကြ၏။ အချိန်ကအတော်လင့်နေပြီဖြစ်၏။

မိုး မှ သ ည် ​ေ နွ ဦ း [Rain from spring]Where stories live. Discover now