အဘိုးအိုရဲ့
~~~~~~~~~~~~~~
ည၇နာရီ......
"ဘာလို့လဲဟင်"
________________
ခမ်းနာထည်ဝါသောအိမ်ကြီးတစ်ခုရဲ့ အခန်းတစ်ခုထဲမှာ.....
ဇရာတွေထင်ဟပ်နေပြီဖြစ်တဲ့ အသက် ၉၀အရွယ်အဘိုးတစ်ယောက်။"အဘိုးနေကောင်းရဲ့လား"
အဘိုးအိုရဲ့
မြေးဖြစ်ဟန်တူတဲ့ ကောင်မလေးတစ်ယောက် အခန်းထဲကို ၀င်လာသည်။"ဆု မလာဖြစ်လို့ အဘိုးရယ် အဘိုးနေမကောင်းဘူးဆို အဘိုးအတွက်မုန့်တွေအများကြီးဝယ်လာတယ်"
အဘိုးကထိုကောင်မလေးကိုကြည့် ၍ပြုံးသည်။
"ဘာမှ မဖြစ်တော့ပါဘူး သမီးရယ်"
"အဘိုးစားချင်တာရှိရင်ပြောနော် သမီးကိုယ်တိုင်ချက်ကျွေးမယ်"
Chelf တစ်ယောက်ဖြစ်သောသူမ က
အချက်အပြုတ်မှာ ကျွမ်းကျင်လှသော သူတစ်ယောက်ဆိုလျှင်မမှား။အခုလည်းဆုတစ်ယောက်ရန်ကုန်ကနေ အဘိုးကိုပြုစုရန်ပြန်လာခြင်းဖြစ်သည်။
အဘိုးသည် သူမအတွက်တော့ ကျေးဇူးဆပ်၍ မကုန်နိုင်သောသူတစ်ယောက်။
အဘိုးမှာ အခုတစ်လောအခြေအနေမကောင်းချင်တော့။
နဂိုထဲက ပိန်သောအဘိုး သည် ရောဂါပိလာတော့ ပိုတိုး၍ မျော့မျော့သာကျန်တော့သည်။
ဆုနောက်ဆုံးတစ်ခေါက်လာခဲ့ တုန်းကတောင် ဒီလောက်မပိန်သွားသေး။
ဆုအဘိုးကိုကြည့်ရင်း ဝမ်းနည်းလာသည်။သူမဒီတစ်ခေါက်ရန်ကုန် ကို အဘိုးဆုံးမြှပန်ဖြစ်တော့မည် ထင်သည်။
~~~~~~~~~~~~~~
"ပေး ပေးဒေါ်ကြီးတင် သမီးဆေးလိုက်မယ် အဘိုးစားထားတာတွေမလား"
"သမီးရယ် ခရီးပန်းလာတာ ကို
ဒေါ်ကြီးပဲ ဆေးလိုက်ပါ့မယ်ကွယ်""ရတယ် ရတယ် ဒေါ်ကြီး သမီးပဲဆေးလိုက်တော့မယ်"
ည၇နာရီ......
ဆုတစ်ယောက်အဘိုး ဘေးနားကနေ
စာအုပ်တစ်အုပ်ကိုဖတ်ပြနေသည်။"ရယူခြင်းနဲ့ ပေးဆပ်ခြင်းဆိုတာ"
ရုတ်တရက် အဘိုးဆီမှ စကားသံထွက်လာသည်။
"သမီးသိလား အဘိုးကိုယ့်ကိုကိုယ် တာဝန်မကျေဘူးလို့ ခုစားရတယ်"
"ဘာလို့လဲဟင်"
"သမီးဇာတ်လမ်းတစ်ပုဒ်နားထောင်ချင်လား"
________________
သာသာ့ရဲ့ ပထမဆုံးဖန်တီးမှုလေးပါ
အားပေးကြပါအူးမကောင်းတာရှိရင်လဲဝေဖန်ပေးကြပါဉီး
![](https://img.wattpad.com/cover/278063930-288-k684330.jpg)
YOU ARE READING
မျှော်လင့်ခြင်းလေး
Random1948 ကာလတစ်ခုပေါ့ အရမ်းချစ်တတ်တဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ် ချစ်ရတဲ့သူလဲရှိခဲ့တယ်