part.2.zawgyi.uni

2 0 0
                                    

1948...
လွတ်လပ်ရေးရပြီးမကြာသေးခင်ကပေါ့

"စောငယ် အမိုးကို ရေကူသယ်သေးဉီး"

"ဟုတ်အမိုး"
စောငယ်တစ်ယောက် ဒီနေ့ အလုပ်ရှုပ်နေသည်။
စောငယ်တွင်သာမဟုတ်ပါ။
စံအိမ်က လူတွေအကုန်လုံးလဲ အလုပ်ရှုပ်နေကြသည်။

ဒီနေ့ အင်္ဂလန်မှာ
ပညာသွား သင်တဲ့ သခင်လေးပြန်လာတော့ မည်တဲ့လေ။

"စောငယ် သခင်လေးအခန်းကိုကြမ်းတိုက်ပေးပါဉီး ကောင်မလေးတွေ မအားသေးလို့"

စောငယ်တစ်ယောက် စိတ်ညစ်သွားသည်။
ဒါကမိန်းခလေးတွေ လုပ်ရမယ့်အလုပ်လေ။

ဘာပဲ ဖြစ်ဖြစ် စီးပွားရေး အဆင်မပြေတော့ စောငယ်နှင့် သူ့အမေ သခင်လေးတို့အိမ်မှာ အစေခံအဖြစ်လာလုပကြရသည်။

"ပန်းပင်တွေ ရေသေချာလောင်းပြီးပြီလား
သခင်လေးက သေသပ်မှကြိုက်တယ်ဆိုတာသိတယ်နော်"

"ဟုတ်"

စောငယ်သခင်လေးကိုတစ်ခါမှမမြင်ဖူးပါ။

ဒါပေမယ့်သခင်လေးဆိုတဲ့နမည်ကြားတာနဲ့ အတော်သြဇာလွှမ်းနိုင်မှန်း သူသိသည်။

စံအိမ်ရှေ့သို့ ကားတစ်စီးရပ်လာသည်။

"သခင်လေးလာပြီ သွားကြိုကြ"

"မလိုဘူး မိကိုယ်တိုင်ကြိုမယ်"

မိဆိုသောကောင်မလေးကို ကြည့်မရ။
လူက ၁၆နှစ်လောက်သာရှိသေးသည်။

ဘယ်သူ့ကိုမလဲမလေးစား။
ကြီးသည်ငယ်သည် ကိုမရှိအော်ငေါက်တတ်သေးသည်။

မိသည် သခင်လေး အမေရဲ့ သူငယ်ချင်းသမီးလေးဖြစ်သည်။

သခင်လေးနဲ့ မိကိုနားဖောက်ပေးထားကြသည်။

(A/N မိတော်တော်ယွ)

ကားတံခါးကို ဖွင့်လိုက်သည်။
စောငယ်မော့မကြည့် သခင်လေးဆိုသည့် အမည်ကြားသည် နှင့် ပင်စောငယ်ထိန့်လန့်မိသည်။

"ကိုကို မတွေ့တာတောင်ကြာပြီ
မိ ကိုကိုကြိုက်တဲ့ဟင်းတွေ ချက်ထားတယ်"

"သူချက်ထားတာ လဲမဟုတ်ဘဲနဲ့ "
စောငယ်စိတ်ထဲမှ တီးတုးပြောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Aug 02, 2021 ⏰

Add this story to your Library to get notified about new parts!

မျှော်လင့်ခြင်းလေးWhere stories live. Discover now