PART{5}

671 102 4
                                    

[Unicode]

ဒီနေ့တော့ ကင်မ်နမ်ဂျွန်း တို့နေရာနေစရာမရှိတဲ့နေ့ပါ။ ဆိုးလ်က အဖေနဲ့အမေလာမယ့်နေ့။

အိမ်ကိုမဖြစ်နိုင်တဲ့အကြောင်းပြချက်တွေပေးကာထွက်လာသောကျွန်တော်သည် ခုတော့အထုခံရတော့မည်။ ဟိုရက်ကတော့ဖုန်းဆက်သည်။ နင်ဘာတွေလုပ်နေတာလဲ ကင်မ်နမ်ဂျွန်း နင်ပြောတော့ခရီးထွက်မှာဆိုပြီးခုကျနင့်ကောင်လေးအိမ်ရောက်သွားတာလား လိမ်ပြီးငါတို့ကိုတစ်ပတ်လိမ့်ခဲ့တာလားဆိုပြီး ဒေါသစွတ်နေကာပြောနေခဲ့သောအမေ့အသံ။ အဖေတောင်ဝင်မပြောဘူး။

ငါတို့နောက်ရက်လာမယ် နင်ရောနင့်ကောင်လေးရောလာကြို ဆိုသော အသံကြီး။

ငါတော့ ဝါဂွမ်းလုံးရှေ့အထုခံရတော့မှာကျိန်းသေနေပြီ။

"ဟျောင်းဂျွန်းဘာလုပ်နေတာလဲ?"

"ငါအဖေနဲ့အမေ့ကိုသွားကြိုမလို့ ငါပြောထားတယ်လေ ခုမင်းကိုစောင့်နေတာ"

"ပြီးပြီလေ သွားမယ်လာ"

ခြံထဲကကားဆီထွက်လာလိုက်ရင်း ကားမောင်းသူမှာပတ်ဂျီမင်။ သူမှကားလိုင်စင်မရသေးတာကို ဟီးးးးး

^^^^^^^^

ဘယ်လိုပဲဖြစ်ဖြစ် ရထားနဲ့ပဲရောက်ချလာပါသောဖေဖေနဲ့မေမေကြောင့် ဘူတာဆီသာပြေးကြိုရတော့သည်။

အထုတ်တွေနဲ့အဖေနဲ့အမေမျက်နှာသည် သူ့အားမြင်သောအခါမဲ့ကျသွားသည်။အမေသည်ဘာမှမလုပ်သောပုံနှင့် နမ်ဂျွန်းလည်းသူတို့အနားရောက်ရော ကျောကုန်းကိုအုံးခနဲထုချလိုက်သည်။

ဘေးကကြည့်ရင်းနာလိုက်တာ။

"မပြောချင်အုံး ငါတို့ကို လိမ်ချင်အုံး မယူဘူးဆိုပြီးထွက်ပြေးပြီးတည့်တည့်ကြီးတိုးချင်အုံး"

အချက်ပေါင်းများစွာထုနေသည်။ နမ်ဂျွန်းသည်ငြိမ်ခံနေသည်။ သူ့အဖေသည်လက်ဝှေ့ပွဲကြည့်နေသလိုပင်ဘာမှတောင်ဝင်မပြော။လက်ပိုက်ကြည့်နေသည်။ ဘေးကသူတွေလည်းဝိုင်းကြည့်နေတာမို့သူဝင်ဆွဲရတော့မည်။ ဒါတွေဖြစ်ရတာသူ့ကြောင့်ပဲဟာကို။

"မေမေရယ်တော်ပါတော့"

မေမေလို့ခေါ်သံအဆုံး ဟျောင်းဂျွန်းအမေသည်သူ့အားကြည့်လာသည်။

𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔 Where stories live. Discover now