PART{10}

628 83 6
                                    

[Unicode]

ဇာတ်သိမ်းပိုင်း။

ဒီနေ့ ဒီနေ့ဟာနောက်ဆုံးတော့ ဂျီမင်ရော နမ်ဂျွန်းရောမျှော်လင့်ထားသောနေ့လေးသာဖြစ်သည်။ မနေ့ကလည်း အိပ်မပျော်ခဲ့ကြ။ အိမ်မက်လိုပဲ.....မြန်မြန်ဆန်ဆန်ပင်သူတို့အခုတစ်ယောက်ကိုတစ်ယောက်ပိုင်ဆိုင်ကြတော့မည်။

ကုတင်ပေါ်မှာချထားပေးတဲ့ ဝတ်စုံအဖြူကိုကြည့်ကာ ဂျီမင်ပျော်လို့မဆုံး။ အခုသူဟာ ဟျောင်းဂျွန်းရဲ့အမျိုးသားဖြစ်တော့မယ်တဲ့လေ..... မှန်ရှေ့ကိုယ့်ကိုကိုကြည့်လိုက်သည်။ အချိန်ခါမယသည် ယခုမှမနက်၅နာရီကျော်သာရှိသေးလိမ့်မည်။ သူအစောကြီးထပြီးပြင်ဆင်နေမိတာ။ စားပွဲပေါ်က အရုပ်လေးမှာစွပ်ထားတဲ့ခေါင်းပေါင်းလေးတွေ့ပြန်တော့ ထပ်ပြုံးမိပြန်သည်။

အဲ့နေ့ညက တကယ်အူလှုပ်သည်းလှုပ်ဖြစ်ခဲ့ရတာပဲ။ ကိုယ် နဲ့ မင်းလို့ သုံးတဲ့အသံကိုပြန်ကြားယောင်မိတိုင်း ဘယ်အချိန်ထပ်သုံးမလဲလို့လဲတွေးမိသေးသည်။ အမြဲကိုယ့်ကို ဝါဂွမ်းလုံး ဝါဂွမ်းလုံးဆိုပြီး ကလေးလေးလိုချစ်တတ်တဲ့ ဟျောင်းက ချစ်သူတွေလိုကိုယ်နဲ့မင်းလို့သုံးတဲ့အခါ သူအရမ်းအသည်းယားသလို စိတ်ထဲအမျိုးအမည်မသိတဲ့ခံစားချက်ကလည်း ရင်ဘတ်ထဲပိုပိုလှုပ်ခတ်စေသည်။

တကယ်ပါပဲ လူတစ်ယောက်ကိုချစ်ရတာဟာအမြဲလူပျိုဖြန်းလေးလိုရှက်စေပြီး ရင်ခုန်သံတွေမြန်စေတာလား????

^^^^^^^^^

ခန်းမထဲစောင့်နေရမယ့်သူဟာကိုယ်ဖြစ်တာကြောင့် အခမ်းအနားဆီသို့ဆော့ဂျင်တို့ကားနဲ့လိုက်လာလိုက်သည်။ မင်္ဂလာပွဲ မကျင်းပမှီတစ်ပတ်အလိုလောက်ကပဲ ဆော့ဂျင်နဲ့ထယ်ယောင်းတို့ဟာလည်းချစ်သူတွေဖြစ်သွားခဲ့ကြသည်။

အကူအညီပေးလိုက်ရတယ်ဆိုပေမဲ့ စေ့စပ်ပွဲပြီးထဲက မင်္ဂလာဆောင်ရောက်တဲ့ထိစောင့်နေကြကာ အိမ်မှာပဲဆက်နေကြသည်မို့အနေနီးသွားတာကြောင့်လည်းဖြစ်မည်ထင်သည်။

မှတ်မှတ်ရရ ဆော့ဂျင်ရည်းစားစကားပြောခဲ့ပုံလေးအားမှတ်မိနေပါသေးသည်။

ညဘက်အချိန်မို့ထယ်ယောင်း ခြံထဲလမ်းဆင်းလျှောက်မိသည်။ မြစ်ကမ်းစိပ်နဲ့နီးတဲ့ အိမ်လေးမို့ လန်းဆန်းသန့်ရှင်းတဲ့ ရေမှုန်လေးတွေပါတဲ့လေကိုရှုရှိုက်နေသလိုမျိုးအေးချမ်းရလွန်းသည်။ မြက်ခင်းစိုစိုတွေအပေါ် ဖိနပ်ဂွင်းထိုးအပါးလေးစီး၍ လျှောက်နေလိုက်သည်။ လက်နှစ်ဖက်ကိုနောက်ပစ်၍ ဘယ်ကနေညာ ညာကနေဘယ် လျှောက်နေမိသည်။

𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔 Where stories live. Discover now