အပိုင်း (၁၉)

1.5K 139 30
                                    

Unicode

" ဟယ်...ကလေးတွေ ဘယ်လိုဖြစ်ကြတာလဲ မိုးရေတွေလည်းစိုရွှဲနေတာပဲ... လာလာ အထဲမြန်မြန်ဝင်ကြ "

မနက်ကထီးထည့်ပေးလိုက်သော်လည်း တစ်ကိုယ်လုံးမိုးရေတွေစိုရွှဲပြီး ပြန်လာသောသားဖြစ်သူနှင့် သူ့သူငယ်ချင်းရိပေါ်ကြောင့် ရှောင်မားမား သွေးတက်ချင်သွားတာတော့ အမှန်ပင်

" ဒီမှာ ခဏစောင့်နေကြဦးနော် ကလေးတွေ မားမားတဘက်သွားယူဦးမယ်.. ခဏလေး "

" ဟုတ်..အန်တီ "

မားမားကတော့ ပြောပြောဆိုဆိုနှင့် အခန်းထဲကိုဝင်သွားလေသည် သူကတော့ အခုချိန်ထိစကားတစ်ခွန်းမှ မပြောပဲ ကြောင်နေမိတုန်းပင် တစ်ချက်တစ်ချက် ရိပေါ်ကိုခိုးကြည့်ပြီး ခုနကအဖြစ်အပျက်ကို ပြန်တွေးမိတော့ ကိုယ်တိုင်ပင်သတိမထားမိပါပဲ အသက်အောင့်ထားမိသည် ခဏကြာတော့ မားမားက ပြန်ရောက်လာပြီး တဘက်နှစ်ထည်ကို သူနှင့်ရိပေါ်အပေါ်ကို လွှားပေးသည်

" ကလေးတွေ အပေါ်ကိုတက်ပြီး ရေချိုးလိုက်ကြ..သွားသွား... အအေးမိမယ် ... ရေချိုးပြီးရင်လည်း ခေါင်းကိုသေချာသုတ်ကြဦး... "

" ဟုတ်.."

နှစ်ယောက်လုံး ပြိုင်တူပြောမိသောကြောင့် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည် သူကတော့ ရိပေါ်နှင့် မျက်လုံးချင်းဆုံမိတော့ ခုနအဖြစ်အပျက်ကို ထပ်တွေးမိပြန်သဖြင့် မျက်လွှာချပြီး အရှေ့မှလျှောက်လာခဲ့သည် အခန်းထဲရောက်တော့

" ရိပေါ်..ရေချိုးခန်းထဲမှာ ဝင်ချိုးလိုက်နော်...ကောက မားမားတို့အခန်းထဲမှာ သွားချိုးလိုက်မယ် "

" အင်း..."

ရိပေါ်က ခေါင်းငြိမ့်ပြကာ ရေချိုးခန်းထဲ ဝင်သွားသည် သူလည်း အခုမှ သက်ပြင်းရှူထုတ်လိုက်မိပြီး ရိပေါ်အတွက် ဗီရိုထဲမှ အင်္ကျီနှင့်ဘောင်းဘီတစ်စုံ ထုတ်ပေးကာ ကုတင်ပေါ်တင်ပေးထားလိုက်သည် သူလည်း တစ်စုံယူကာ အောက်ကိုဆင်းလာခဲ့သည် ရေချိုးခန်းထဲရောက်တော့ မှန်ထဲမှာမြင်နေရသော ကိုယ့်ကိုယ်ကိုပြန်ကြည့်ရင်း ရိပေါ်နမ်းသွားခဲ့တဲ့ နှဖူးနဲ့ မျက်ခွံကို ကိုင်ကာ တဟီးဟီးနဲ့ရီနေသည်မှာ တစ်ယောက်ယောက်သာ မြင်သွားလျှင် စိတ္တဇဆေးရုံကို တန်းရောက်လောက်သည်
----------------------------------------------------------------
ရေချိုးပြီး အပြင်ထွက်လာတော့ မားမားက ချောကလက်နှစ်ခွက်ဖျော်ကာ စောင့်နေလေသည်

My God Is Wang ( Complete )Where stories live. Discover now