အပိုင်း(၁)

7.5K 318 2
                                    

  Unicode                    

အိပ်ယာမှနိုးနိုးချင်း ကျောင်းပြောင်းရမည့်အကြောင်းတွေးမိတော့စိတ်ညစ်လှသည် ပါးပါး၏အလုပ်ကြောင့် မလွှဲသာမရှောင်သာဘဲ ပေကျင်းမှကျောင်းသို့ ပြောင်းရသဖြင့် ပါးပါးအားအပြစ်တင်မိတာလည်းအခါခါပင်
တခြားသူများအတွက်ကျောင်းအသစ်ပြောင်းခြင်းသည် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမလားမသိပေမယ့် လူကြောက်တတ်သောရှောင်းကျန့်အတွက်မူ အဆင်ပြေသောကိစ္စမဟုတ်ပေ

ဟူး........

ရင်ထဲမှစိုးရိမ်စိတ်ကိုသက်သာလိုသက်သာငြား သက်ပြင်းရှည်ကြီးတစ်ခုသာချလိုက်မိသည်

အောက်ထပ်ကိုဆင်းတော့ပါးပါးနှင့်မားမားပင်မနက်စာ စားနေလေပြီ ရှောင်းကျန့်လည်း စားပွဲတွင်ဝင်ထိုင်လိုက်ကာ စားလိုက်သည် စားနေရင်း ကျောင်းတက်ရမည့်အကြောင်းတွေးမိတော့ ထမင်းတောင်မြိုမကျချင် ဆက်စားချင်စိတ်လည်းမရှိတော့၍ ထမင်းဝိုင်းမှထွက်လာမိသည်

" မားမား ပါးပါး သားဝပြီ"

" ဟယ် ဝသွားပြီလား မြန်လိုက်တာ နေမကောင်းဘူးလားကျန့်ကျန့် မျက်နှာလည်းမကောင်းဘူး"

" မဟုတ်ပါဘူး မားမားရဲ့ ကျောင်းအသစ်ပြောင်းရမှာဆိုတော့စိတ်လှုပ်ရှားနေလို့"

"စိတ်လှုပ်ရှားလည်း ထမင်းတော့ဝင်အောင်စားလေ ကျန့်ကျန့်ရဲ့ ကျောင်းရောက်ရင် ဆာနေမှာပေါ့"

"ရတယ် မားမား သားမစားချင်တော့ဘူး သားကျောင်းသွားဖို့ပြင်ဆင်လိုက်ဦးမယ်"

အခန်းထဲရောက်တော့ မှန်ထဲတွင်မြင်နေရသောကိုယ့်ကိုယ်ကို ကြည့်ရင်း သက်ပြင်းချရပြန်သည်

ကျောင်းရှေ့ရောက်တော့လည်း ကျောင်းဝန်းထဲကိုကြည့်၍ သိမ်ငယ်စိတ်များဝင်လာရသည် ဘယ်သူ့ကိုကြောက်လို့ကြောက်မှန်းမသိဘဲ လူတွေရှေ့ရောက်ရင် အလိုလိုကိုသိမ်ငယ်သွားတတ်သော ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်ကာ ဒေါသ လည်းထွက်ရသည်
ကျောင်းရှေ့ရောက်နေမှတော့ မတတ်နိုင်တော့ပေ စိတ်ကိုတင်းကာပင် ကျောင်းထဲသို့ဝင်လိုက်တော့သည်

My God Is Wang ( Complete )Where stories live. Discover now