Part 1

194 19 7
                                    

အချိန်မရှိရွာချလာသော
မိုးပေါက်များကြောင့် ဂျုံအင်
'ကျွတ်'တစ်ချက်သပ်စွာ စာရေးခုံမှ
ထ၍ ပြတင်းဆီသို့ တံခါးများပိတ်ရန်
ခြေလှမ်းများ ဦးတည်လိုက်သည် ။

အချိန် ည၁၁နာရီ ဖြစ်သည့်တိုင်
မပြီးပြတ်သေးသည့်စာများကို
ရှင်းလင်းနေရသည်မို့ တော်တော်နှင့်မအိပ်ဖြစ် ။
ပုံမှန်ဆိုလျှင် ဂျုံအင် စာမပြီးသည့်
နေ့များတွင် Latteတစ်ခွက်ဖျော်ကာ
ဘေးမှ အဖော်အဖြစ်ထိုင်စောင့်
ပေးနေတတ်တဲ့ မေမေက ယခုဆို
သူ့ကိုထားခဲ့တာ ၁ နှစ်ပင်ရှိခဲ့ပြီ ။

"ဟူး.... ''

မိုးရွာနေသော်လည်း ပူလောင်နေရသည့်
ရင်တွင်းအပူများကြောင့် ဂျုံအင်
သက်ပြင်းတစ်ချက်အားချလိုက်မိသည် ။
ပြတင်းအားသေချာပိတ်ကာ စာပြန်လုပ်ရန်
ခုံတွင်ပြန်ထိုင်လိုက်သည် ။
ကျွန်တော့်အား ပြုံး၍ ကြည့်နေသော
ဓာတ်ပုံဘောင်ထဲမှ အမျိုးသမီးအား
တစ်ခဏ အကြည့်ရောက်ပြီးနောက်
အတွေးစတို့က တစ်စတစ်စ....။

မေမေတို့ လမ်းခွဲထားတာ ၂နှစ်ပြည့်၍
လအနည်းငယ် စွန်းခဲ့ပြီ ။
ကျွန်တော်တက္ကသိုလ်
ပထမနှစ်တွင်
ဖေဖေက နောက်မိန်းမယူကာ
မေမေနှင့်ကျွန်တော့်ကို ထား၍
အမေရိကန်သို့ ထွက်သွားသည် ။

မကြာပါ မေမေလဲ ကျွန်တော့်နားက
ထွက်သွားသည် ။ စိတ်ပျော့တဲ့မေမေက
ထိုနှစ်များတွင်လဲ ခဏခဏငိုသည် ။
ကျွန်တော့်ကိုစိတ်မချသည်ကတစ်ကြောင်း
ရင်ထဲက အပူတွေကတစ်ကြောင်းမို့
မကြာခင်ပဲ ဆုံးပါးသွားခဲ့သည် ။

အခုတော့လဲ ကျွန်တော်
တစ်ယောက်တည်း
နေသားကျလုနေပြီ ။
စိတ်ပြတ်နိုင်ကာ ထားရက်ခဲ့သည့်
ဖေဖေ့ကိုလဲမုန်းသည် ။
မေမေဆုံးပါးသွားသည့် ထိုနှစ်တွေကစလို့
ဂျုံအင် တစ်ယောက်တည်း
အဆင်ပြေအောင်နေထိုင်ရသည် ။
ရသမျှ အချိန်ပိုင်းအလုပ်ကိုလုပ်ကာ
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့သည် ။

ဖြစ်ခဲ့သမျှ ကံကို အပြစ်ပုံချမည်ဆိုရင်တောင်
ကျွန်တော့်ကို
ကံတရားက လှောင်ရယ်နေမလား ။

အချစ်ဆိုတာက လုပ်ယူပုံသွင်းလို့လဲမရသလို
မျှော်မှန်းထားလို့လဲ မရတဲ့ အရာဖြစ်ကြောင်း
မေမေက တစ်ဖွဖွ​ပြောသည် ။
ဂျုံအင့်ကို သူ့လို အချစ်မှာ
မနစ်မွန်းစေချင်ဘူးတဲ့လေ ။

 Will We Try To Be Together(U+Z)Where stories live. Discover now