Part 3

130 16 8
                                    


မနက် ၆နာရီ ။
နံနက်​စောစောမိုးရာသီ ဖြစ်တာကြောင့်
မိုးစက်နဲ့အတူ နှင်းဖွဲတွေက
သစ်ရွက်အဖျားတွေကြား
တွဲခိုနေသည်။
လေတစ်ချက်အဝေ့ သစ်ပင်မှ
ကျလာတဲ့ မိုးပေါက်နဲ့ နှင်းစက်တွေကို
အထဲမဝင်ခင်ဂျုံအင်ဆော့ကစား
နေလိုက်တယ် ။

ရာသီဥတု အအေးဒဏ်ကြောင့် ဂျုံအင့်ရဲ့
နှာနုထိပ်လေးဟာတော့ နီရဲစ ပြုလေပြီ ။
နှင်းကျရင် ခံစားချက်အကောင်းဆုံး ဖြစ်တဲ့
ဂျုံအင်တစ်ယောက် နှင်းတွေကြားမှာ
နှုတ်ခမ်းများ ကွေးညွတ်သည်အထိ
ပြုံးနေမိသည်။

အချိန်အတော်ကြာ နှင်းတွေထဲ ရပ်ခဲ့ပီးတဲ့
နောက်မှာတော့ ၇နာရီ ရှိပြီ ဖြစ်တာကြောင့်
ဂျုံအင်ကျောင်းသွားဖို့ ပြင်ဆင်ရသည် ။

လမ်းတစ်လျှောက် အေးစိမ့်စိမ့် လေထုက
အသားထဲထိ စိမ့်ဝင်တဲ့ထိ ကျီစယ်သည် ။
နီဆွေးစပြုလာတဲ့ နားနှစ်ဖက်ကို အနွေးဓာတ်ရအောင် မာဖလာကို နားနှစ်ဖက် မြုပ်သည်အထိ
ပတ်လိုက်တယ် ။

"ဂျုံအင် "

အဖြူရောင်မာဖလာလေးကို
လည်ပင်းမှာ ပတ်ထားပြီး ဂျုံအင့်ဆီသို့ လျှောက်လာတဲ့ သူ ။
ဂျုံအင် အဝေးကနေ ရပ်၍
ကြည့်နေမိသည်။

"ဆိုင်ကယ်မပါဘူးလား "

"အိုဆယ်ဟွန်း ''

မနေ့ညထဲက စိတ်ရှုပ်စရာကောင်းတဲ့လူမို့
ဂျုံအင် ကျွတ် တစ်ချက် သပ်မိသည် ။
သာမာန်သာပြုံးပြကာ ဂျုံအင်
ပွနေသော
ဆံပင်ကို သပ်တင်လိုက်သည်။

" ဘာလို့ စိုက်ကြည့်နေတာလဲ ကိုယ်မေးနေတာဖြေလေ ''

ဆယ်ဟွန်းက ပြုံး၍ပြောသည်။
ထိုအခါ ဂျုံအင် မျက်ခုံးတွေကို တွန့်ချိုးလိုက်တယ် ။မျက်စောင်း တစ်ချက်ထိုးကာ ရပ်နေရာကနေ
ဆက်လှမ်းလိုက်သည် ။

လက်ကောက်ဝတ်ကို ဆွဲခံလိုက်ရတာကြောင့်
ဂျုံအင့်မျက်လုံးတို့ ပြူးကျယ်သွားရသည် ။

"မင်း ဘာလို့ ကိုယ့်ကို ပြန်မဖြေတာလဲ ''

လက်ကောက်ဝတ်က လက်တွေကိုဖြုတ်မချခင်
ဆယ်ဟွန်းဘက်ကို လှည့်လိုက်သည် ။

 Will We Try To Be Together(U+Z)Where stories live. Discover now