Part 5

23 3 0
                                    

အပူအအေး ရောယှက်နေသော လေထုသည်
Seoul မြို့အတွင်းအား တစ်ခဏလေး
အတွင်းမှာပင် စိမ့်၍ အေးလာစေသည် ။
လုပ်လက်စ အလုပ်ကို လက်စသတ်ပြီး
ဆယ်ဟွန်း ခေါင်မိုးထပ်ကို တက်လာခဲ့ခြင်း
ဖြစ်သည် ။အအေးဓာတ်သည် တစ်ခဏလေး
အတွင်းမှာပင် ပို၍ စိမ့်လာ သောကြောင့်
အောက်သို့ လျော့ကျနေသော ပခုံးထက်မှ
မာဖလာကို မေးစိထက်သို့ ဆွဲတင်လိုက်သည် ။

အောက်တွင် အချွန်အတက်တို့ဖြင့်
အစီအရီ တည်ရှိနေသော အဆောက်အဦ
အမျိုးမျိုးကို ဆယ်ဟွန်း သက်ပြင်း
သဲ့သဲ့လေး ချကာ ငေးကြည့်နေမိသည် ။

သည်လိုနေ့မျိုးတွင် သူ့အား အဖော်ပြု
ပေးရန် ကြယ်များပင် ကောင်းကင်တွင်
ရှင်းလို့နေသည် ။

ဟင်း....သည်းညူသံ သက်ပြင်းချသံ
တစ်ခုကို သံရှည်ဆွဲကာ သောက်လက်စ
ကော်ဖီခွက်ကို
နှုတ်ခမ်းပါးများကြား
နေရာယူစေလိုက်သည် ။

သူ့ မာမီစီစဉ်ပေးမည့် င်္မဂလာကိစ္စကို
သူ့အတွေးထဲ တွေးနေခြင်း ဖြစ်သည် ။
သူလက်မထပ်ချင်သည့် သူနဲ့ အိမ်ထောင်
အတင်းအကြပ်ချပေးချင်နေတာ ဖြစ်တဲ့အတွက်
ဆယ်ဟွန်း ခေါင်းကိုက်သည် ။

အာရာဆိုသည့် အမျိုးသမီးသည်
တက္ကသိုလ်တစ်ခုလုံးတွင် အပြစ်ပြောစရာမရှိ
အောင်ကို သူ့အလှက နာမည်ကြီးသည် ။
လိုချင်ကြတဲ့ ယောကျ်ားတွေကလည်း ဝိုင်းနေပြီး
အတော်လေးကို ဆွဲဆောင်မှူရှိသည် ။

ဆယ်ဟွန်း သဘောမကျရသည့် အကြောင်း
အရင်းကတော့ မောက်မာလွန်းလို့ပင် ဖြစ်သည် ။

ရည်းစားတွေလည်း တစ်ပုံကြီး
မထားချင်သလို သူလက်ထပ်ပွဲလည်း
မလုပ်ချင်သေးပါ ။

ဆယ်ဟွန်း ဟိုဟိုဒီဒီ တွေးနေပြီးမှ
အတွေးစကို ရပ်လိုက်ပြီး ကုန်နေသည့်
တစ်ခါ​သောက် ကော်ဖီခွက်ကို
လက်နဲ့ ချေကာ အမှိုက်ပုံးထဲ ပစ်လိုက်သည် ။

—————————-

" ဂျူဟွန်း ဘယ်မှာလဲ "

ကျောင်းရောက်ရောက်ချင်းမှာပင်
ဆယ်ဟွန်း သူ့ contact များထဲမှ တစ်ယောက်
ဖြစ်တဲ့ ဂျူဟွန်း ဆီ ဖုန်းဆက်၍
ဘယ်မှာလဲဟုမေးလိုက်သည် ။

You've reached the end of published parts.

⏰ Last updated: Apr 12 ⏰

Add this story to your Library to get notified about new parts!

 Will We Try To Be Together(U+Z)Where stories live. Discover now