Chapter 4

597 162 9
                                    

[Unicode]

ကျန်းကျိရင် ညွှန်ကြားချက်များအတိုင်း အစ်ကိုဖေးနှင့် တွေ့ဖို့သွားလိုက်သည်။ အစ်ကိုဖေးကတော့ ဂိမ်းထဲကအတိုင်း အလုပ်ရှုပ်နေလေသည်။ သူက ချက်ချင်းပင် ကျန်းကျိရင်ကို ထွက်ခွာရန်ပြင်ဆင်နေသော အဖွဲ့ထဲထည့်လိုက်သည်။

ကျန်းကျိရင်ခမျာ အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးခင်မှာပဲ အဖွဲ့နှင့် ထွက်ခွာလာရတော့သည်။

လမ်းတစ်ဝက်‌အရောက်တွင် လမ်းကြောင်းမှားနေသည်ဟု ခံစားမိသဖြင့် ခေါင်းဆောင်​၏ပုခုံးကို ပုတ်ကာ မေးလိုက်သည်။ "အစ်ကိုကြီး၊ ငါတို့ဘယ်ကိုသွားနေကြတာလဲ"

ခေါင်းဆောင်က ရိုးရိုးသားသား ပြန်ဖြေလေသည်။ "ရမ်ဖာစူပါမားကတ်"

ကျန်းကျိရင်: "..."

သူ အခုရောက်နေသော M မြို့​တော်၌ရှိသည့် ရမ်ဖာစူပါမားကတ်သည် ဂိမ်းထဲတွင်ဆိုလျှင် အဆင့်မြင့်ဘော့စ်ကို တွေ့နိုင်သည့် တစ်ခုတည်းသောနေရာပင်ဖြစ်သည်။ တစ်မြို့လုံးတွင် တစ်ဦးတည်းသော Level 20 ဘော့စ်က ထိုအထဲတွင်ရှိသည်။ အခုမှ ဂိမ်းထဲကို ၀င်လာသော ကစားသမားများအနေဖြင့် ထိုဘော့စ်နှင့် ရင်ဆိုင်ဖို့ရာ လုံး၀မဖြစ်နိုင်ပေ။ ကစားသမားများ M မြို့​တော်မှ ထွက်ခွာသွားပြီး Levelတော်တော်မြင့်လာသည့်အချိန်ကျမှသာ ထိုဘော့စ်ကိုချေမှုန်းဖို့ ဒီနေရာကိုပြန်လာပြီး အုပ်စုဖွဲ့တိုက်ခိုက်ကြရမည်။

ယခုတော့ ဒီကမ္ဘာကြီးက ပြီးပြည့်စုံနေပြီး အစစ်အမှန်ဟု ထင်နေရသော်ငြားလည်း အခြေအနေ တော်တော်များများကတော့ ဂိမ်းထဲကအတိုင်း သွားနေဆဲဟု ကျန်းကျိရင် ခံစားမိသည်။

သူအရမ်းစိုးရိမ်လာပြီ။

သို့သော် ကျန်းကျိရင် အတွေးများသွားခြင်းသာ။ ရမ်ဖာစူပါမားကတ်သို့ မရောက်ခင်မှာပင် သူတို့အနားတွင် ဖုတ်ကောင်များ ပို၍များသထက် များလာသည်ကို တွေ့လိုက်ရပြီး သူတို့၏ ကားပတ်ပတ်လည်ကိုလည်း ဖုတ်​ကောင်များ အဝိုင်းခံလိုက်ရသည်။

ကျန်းကျိရင်သည် တိကျမှုတိုးမြှင့်စွမ်းရည် တစ်ခုတည်းသာ နိုးထသေးသဖြင့် အလွန်အားနည်းနေသေးသည်။ (ကြက်တစ်ကောင်ကိုတောင် တုပ်နှောင်နိုင်သည့် ခွန်အားမရှိသေးပေ။) ထို့ကြောင့် ဖုတ်ကောင်တွေရဲ့ အဝိုင်းခံရမှုအောက်တွင် သူသေသွားခဲ့ရသည်မှာ မယုံနိုင်စရာမရှိပေ။

ကမ္ဘာပျက်ကပ်​ဘော့စ်အား ၃၆၃ရက် ပိုးပန်းပြီး​နောက် (မြန်မာဘာသာပြန်)Où les histoires vivent. Découvrez maintenant