Part 11

7.1K 530 16
                                    

Zawgyi Version

Jennie လည်း jisoo နဲ့ yoona ရှိတဲ့ နေရာ ကို ပြန်လာခိုက် စားပွဲခုံပုံမှာ ခေါင်းမှောက်ပြီး ငိုနေတဲ့ jisoo ရဲ့ မျက်နှာကို jennie က လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး jennie က သူ့ရင်ခွင်ထဲ jisoo ရဲ့ မျက်နှာ ကို ထည့်လိုက်ကာ

" တောင်းပန်ပါတယ် unnie  jen နည်းနည်းနောက်ကျသွားတယ် တကယ်တောင်းပန်ပါတယ်🥺"

Jen pov
" park chae young နင် နဲ့ ငါတွေ့ပြီပေါ့ဟာ 😊 "

Jennie တစ်ယောက် yoona ဘက် မျက်နှာလှည့်လိုက်ကာ

" အာ့ဆို unnie ကို ငါခေါ်သွားတော့မယ်နော် "

"အေ သူငယ်ချင်း အဆင်ပြေရဲ့လား နင်တစ်ယောက်တည်းနဲ့ "

" ရပါတယ် ဒီလိုပဲ တွဲခေါ်သွားရမှာပေါ့ "

" နင်တစ်ယောက်တည်းနဲ့တော့ မလုပ်ပါနဲ့ ငါ့ဝိတ်တာ ကောင်မလေးတွေကို ကူတွဲခိုင်းလိုက်မယ်လေ "

" ရတယ် unnie အသား ကို သူများထိတာ ငါမကြိုက်ဘူး "

" အေးပါ အာ့ဆို လမ်းမှာ အဆင်မပြေရင် ငါ့ ကို ဖုန်းဆက်နော် တစ်ခုခုဆို "

" ကျေးဇူးပဲနော် yoona အာ့ဆို ငါသွားပြီ "

Jennie တစ်ယောက် jisoo ရဲ့ body ကို မနိုင့်တစ်နိုင် နဲ့ တွဲခေါ်လာတာ ခုဆို jisoo က jennie ရဲ့ ကားထဲတောင် ရောက်နေလေပြီ jennie လည်း ကားပေါ်ဝင်ထိုင်လိုက်ပြီး jisoo ရဲ့ အိမ်သို့ ဦးတည် မောင်းသွားလေတော့သည် jisoo ရဲ့ အိမ်ကလည်း သမ္မတောင်းဟောင်းကြီးရဲ့ အိမ်မို့လို့ ခြံစောင့်တွေကတော့ နေ့ရော ညပါ ရှိလေသည် ခြံစောင့်က jennie ရဲ့ ကားကိုမြင်မြင်ချင်း

" ဒီအချိန်ကြီး ဘယ်သူတွေလဲ "

" ruby jane လုပ်ငန်းစုရဲ့ တစ်ဦးတည်းသော သမီး jennie kim ပဲ ဒီအိမ်က သခင်မလေး jisoo ကို လာပို့ပေးတာ "

"အော် ဟုတ်ကဲ့ ညဘက်မှောင်နေတော့ သေချာမမြင်ရလို့ပါ သခင်မလေး jennie တောင်းပန်ပါတယ်နော် "

ခြံစောင့် က တံခါးဝင်ဖွင့်ပေးလိုက်တာနဲ့ jennie တစ်ယောက် ခြံထဲကို ကားနဲ့ ဝင်သွားပြီး jisoo တို့ အိမ်ရှေ့အပေါက်ဝမှာ ကားရပ်လိုက်လေသည် jisoo ရဲ့ appa နဲ့ omma လည်း ကားသံ ကြားသဖြင့် အိမ်ရှေ့သို့ ပြေးထွက်လာခဲ့လေသည်

L5  Lover ( Completed ) Donde viven las historias. Descúbrelo ahora