Part 39

7.8K 428 79
                                    

Unicode Version

ဆေးရုံတစ်ရုံ လုံး ဟာ ခွဲစိတ်ခန်းထဲ ဝင်ခါနီးပြီ ဖြစ်တဲ့ ကိုယ်ဝန်ဆောင်သည် မိန်းကလေး ၂ ယောက် ရဲ့ အော်ဟစ်သံတွေ နဲ့ ပြည့်နှက်နေခဲ့သလို ကျန် မိန်းကလေး ၂ ယောက် ရဲ့ စိုးရိမ်နေသော စကားသံ နှင့် ဂရုစိုက်ပါလို့ တဖွဖွ ညွှန်ကြားနေတဲ့ စကားသံတွေ ဟာ လည်း ပြည့်နှက်နေခဲ့တယ် ။

" အားးးးးး ဗိုက်နာတယ် 😭 "

" ခဏလေးပါ Honey ရယ်
  အဆင်ပြေသွားမှာပါ
ဆရာဝန် က မေ့ဆေးပေးပြီး
ခွဲမွေးပေးမယ်လို့ ပြောထားပါတယ် 🥺 "

Jennie ရဲ့ ပါးပြင်ပေါ် မှာ နာကျင်ရလွန်းလို့ မျက်ရည်တွေ စီးကျနေသလို lisa ရဲ့ မျက်ဝန်းတွေ ထဲ မှာ လည်း မျက်ရည်စတွေ ဟာ ဝင်ရောက်နေရာယူခဲ့လေပြီ ။

ဒီလိုမျိုးတွေ jennie တောင့်မခံနိုင်ဘူးဆိုတာ lisa ကြိုသိလို့ jennie ကို မနာကျင်စေချင်တာကြောင့် ကလေး မလိုချင်ဘူး လို့ အတင်းငြင်းခဲ့သော်လည်း jennie ကတော့ lisa ဘဝထဲ ကို ဒီ လက်ဆောင်လေးတော့ ပေးပါရစေဆိုပြီး အတင်းခွင့်တောင်းခဲ့လို့သာ lisa မတတ်နိုင်တဲ့အဆုံး လိုက်လျောလိုက်ခဲ့ရလေသည် ။

တကယ်တော့ lisa က သူပဲ ကလေးဆိုးကြီးလုပ်ချင်တာလေ သူ့ထက် ပို ချစ်သွားမှာ ကြောက်လို့ လည်း ပါမှာပေါ့ ။

တစ်ဖက်တစ်ချက်မှာလည်း chae young က ကုတင်ပေါ် က jisoo ရဲ့ လက်ဖဝါးလေးတွေ ကို အားပေးနှစ်သိမ့်မှု အပြည့် နဲ့ နူးညံ့ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး

" soo ခဏလေး အားတင်းထားပေးနော်
  အဆင်ပြေသွားမှာပါ "

Jisoo ကတော့ နာကျင်ရလွန်းလို့ စကားတောင် ပြန်မပြောနိုင်တော့ပဲ သူ့နှုတ်ခမ်းတွေ ကို သာ သူ့ဘာသူ ကိုက်ပြီး အံကြိတ်ခဲထားလေတော့တယ် ။

ခွဲစိတ်ခန်း ၂ခန်း ထဲ တွင် ခွဲစိတ် ဆရာဝန် နှင့် လက်ထောက်ဆရာဝန် တို့ အသီးသီး အလုပ်ရှုပ်လျက်ရှိနေကြတယ် မွေးလူနာတွေ ကို မေ့ဆေးပေးထားတာမို့လို့ အရင်လို အော်ဟစ်သံတွေ ကို တော့ မကြားရတော့ ။

ခွဲစိတ်ခန်းအပြင်ဘက် က lisa နဲ့ chae young တို့ က တော့ ခြေမကိုင်မိ လက်မကိုင်မိ အခြေအနေတွေ နဲ့ ထိုင်မရ ထမရ လည်း ဖြစ်နေလေကြတယ် ၂ ယောက်လုံး က သူတို့လက်ဖဝါး ကို မီးပွင့်ထွက်မတတ် ပွတ်တိုက်နေရင်း ပါးစပ် က လည်း ဘာတွေရေရွတ်နေကြလဲမသိ တိုးတီးတိုးတီး နဲ့ ။

L5  Lover ( Completed ) Where stories live. Discover now