Part -6

362 54 7
                                    

Unicode
*********

      ခါတိုင်းနေ့များနှင့်မတူ ဒီနေ့မြူပိုထူထပ်ပြီး
ဆီးနှင်းများလဲ တစ်ပေါက်နှစ်ပေါက်ကျနေသည်။သို့သော် ကလေးငယ်အတွက္မို့ ချမ်းစိမ့်မှုကိုအန်တုပြီး ရွာလူကြီးအိမ်ကိုသွားရပေမည်။

   "ကျင့်ကျိန် တစ်ယောက်တည်းဖြစ်ရဲ့လား"

  "ဖြစ်သားပ့ ကျင့်ကျိန်ကိုမပူနှင့်ပ့ ငိုင့်ဘွဲ့လေး
အဆင်ပြေအောင်သာ နှင်းကူညီပေးပ့ "

"စိတ်ချကျင့်ကျိန် လာကလေးသွားမယ်"

     ကျင့်ကျိန်ကိုစကားပြန်ပြောရင်း ကလေးငယ်
လက်ကိုဆွဲကာ ရွာလူကြီးအိမ်ကို လမ်းလျှောက်
သွားလိုက်သည်။

     ဆီးနှင်းအနည်းငယ်ကျနေသောကြောင့် ခေါက်ထီးလေးဖွင့်ကာဆောင်းလိုက်သည်။ ကျွန်မထက်အနည်းငယ်ပိုပုသော ကလေးငယ်
ပုခုံးကိုလှမ်းဖက်ပြီး အနားဆွဲကပ်လိုက်သည်တွင် အလန့်တကြားမော့ကြည့်လာသောကြောင့်
ရယ်မိသည်။

  "ဘာဖြစ်တာလဲ ကလေးရဲ့ နှင်းစိုမှာဆိုးလို့ပါ
အူးကိုကြောက်လို့လား "

    "မဟုတ်ပါဘူး "ဟု လက်ဟန်လေးဖြင့် အတင်း
ငြင်းနေသေးသည်။ ပို၍အသံထွက်အောင်ရယ်ရင်း အသည်းယားလို့ခေါင်းကိုပုတ်မိသည်။

      ခေါင်းကိုတွင်တွင်ငုံ့သွားသော ကလေးငယ်
ရဲ့လှုပ်ရှားပုံလေးတွေသည် မျက်စိထဲသဟဇာတ
ဖြစ်လွန်းနေပြန်သည်။
ရော်.....ကျွန်မနှင်းဝေမှ ဟုတ်ပါလေစ။

      ရွာလူကြီးခြံထဲကိုရောက်သော် ရွာလူကြီး
မိန်းမနှင့်သမီးများသည် ပြာပြာသလဲ ကြိုနေကြ၍ မနေတတ်အောင်ရှိလှသည်။

     "ပါးအိုက်စံဝေ့ ဒါမယ် ဆျာဝန်မလေးလာ
တယ်ပ့ ရှင်မလဲ ဘာလုပ်နေတယ်မသိပ့"

"တယ် နူးမွေ့စံ ကျုပ်ကျိပဲ ပြောမနေ ပ့
ဆျာမလေးကိုကျွေးရအောင် တစ်ခုခုလုပ်ခဲ့အွေ"

     ရွာလူကြီးလင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နူး ပါးထည့်ခေါ်ပြီး စကားပြော
နေကြပုံမှာ ကြည်နူးစရာကောင်းနေသည်။

  "ဆျာမလေးရေနွေးကြမ်းသောက်ဉီးပ့
မယ့်မိငိုင့်ဘွဲ့လည်းပါတယ်လားကွေ"

💙ရင်ငွေ့ခြုံ လုံပါစေ 💙Onde as histórias ganham vida. Descobre agora