Part - 3

2.1K 156 47
                                    

Unicode 👈

အပြန်လမ်းတစ်လျှောက် ကျွန်မမေးသမျှ
လက်ဟန်လေးဖြင့် ဖြေရှာဖော်ရသောကြောင့် ဝမ်းသာမိသည် ။

" ကလေးငယ် ရဲ့ အသက် ဘယ်လောက်ရှိပြီလဲ "

ကျွန်မကို ကြည့်ပြီး လက်ဆယ်ချောင်းကို နှစ်ခါ
ပြန်ထောင်ပြလေသည် ။

"နှစ်ဆယ်လား အွန်း.... အူး ထက် ခြောက်နှစ်ငယ်တယ်
ကလေးငယ်က "

"ပန်းချီ ဆွဲတာ ဝါသနာပါတာလား တော်တယ် ပုံက အသက်ဝင်တယ် "

ချီးကျူးလိုက်သည့် စကားဖြစ်သော်လည်း..
တည်​ငြိမ်ပြတ်သားတဲ့ အကြည့်နဲ့ပဲ ကြည့်ပြန်လေသည်...

ကျွန်မကပဲ လူတွေရဲ့ ဖြူစင်တဲ့အကြည့်တွေကို
နှစ်သက်၍ပဲလား....ကလေးငယ်ရဲ့ အကြည့်တွေကပဲ
အသက်ဝင်လို့လား မသိပေမယ့် ထိုအကြည့်တွေကို
သဘောကျမိသည်......

ဆေးခန်းရှေ့ရောက်သည်နှင့် ကျွန်မကို လှည့်မကြည့်တော့ပဲ ထွက်သွားတော့ ချင်းမလေးရဲ့
ခြေလှမ်းတွေက စိမ်းကားနေသယောင်.....
ချင်းအင်္ကျီတစ်ပတ်နွမ်းလေးက အရောင်ဖျော့တောလွန်းနေပြီး
ချင်းလုံချည်လေးကို ဖြူဖြူဖွေးဖွေးနေသောခြေသလုံး တစ်ဝက်လောက်ထိ ပေါ်အောင် ဝတ်ထားလေသည်...
မအေးသည့်အတိုင်းပင် ချင်းဖျင်အနွေးထည်လေးသာ ဝတ်ထားသော ကလေးငယ်အား လှမ်းခေါ်လိုက်သည်..

"ကလေးငယ်... "

ဝေးဝေးကို ရောက်နေပြီဖြစ်သော သူမ လှည့်ကြည့်လာသည်မို့... ကျွန်မ ကလေးငယ်ဆီကို
လျှောက်သွားလိုက်ပြီး ကျွန်မအကို အင်္ဂလန်သွားတုန်းက
ကျွန်မအတွက် ဝယ်ပေးခဲ့သော ကျွန်မနှစ်သက်တဲ့
မာဖလာလေးကို ကလေးငယ်လည်တိုင်ကို ပတ်ပေးလိုက်သည်.... နွေးထွေးပါစေ ကလေးငယ်....

သူမ ဘာမှမပြောနိုင်ခင် ကျွန်မလှည့်ထွက်ခဲ့လိုက်သည်.... သူမ ရပ်ကြည့်နေမည်
လားမသိပေမယ့် ကျွန်မလှည့်မကြည့်ပဲ ဆေးခန်းလေးကနေတစ်ဆင့် အိမ်ထဲကိုဝင်လာခဲ့
လိုက်သည် ။

" အမ နှင်း ပြန်လာပြီလားပ့ အတော်ပဲ ဒီမှာ
နူးတို့ ဆာဗူးသီး နဲ့ တောကောင်ကြော်လာပို့ထားတယ်ပ့
ပူပူနွေးနွေးလေး"

💙ရင်ငွေ့ခြုံ လုံပါစေ 💙Where stories live. Discover now