Part : 1 [ U & Z ]

13.4K 622 6
                                    

Uni ❤️

ပေကျင်းကိုပြန်လာနေတဲ့ဟိုက်ဝေးလမ်းပေါ်ကကားတစ်စီးထဲမှာ ဝမ်ကျိုးချန်နဲ့ဝမ်ရိပေါ်ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့သည် ။ ကျိုးချန်နဲ့ရိပေါ်လေးကဆယ်နှစ်နှစ်နီးပါးကွာတဲ့ညီအစ်ကိုတွေပေါ့ ။ ဝမ်ပါးနဲ့ဝမ်မားကကျိုးချန်လေးကိုမွေးပြီး ကျိုးချန်လေးအဖော်ရအောင်နောက်က‌လေးယူဖို့ဆုံးဖြတ်လိုက်ကြတယ် ။

ကျိးချန်းလေးကညီလေးဖြစ်ဖြစ်ညီမလေးဖြစ်ဖြစ်လိုချင်နေတယ်လေ ဒါပေမဲ့ကလေးမရခဲ့ဘူး ။ မထင်မှတ်ထားဘဲကျိုးချန် 8 နှစ်ပြည့်ပြီး 9 နှစ်ထဲဝင်တဲ့အချိန်မှဝမ်မားကကိုယ်ဝန်ရှိသွားခဲ့တယ် ။ အဲ့ဒါကြောင့်ကျိုးချန်နဲ့ရိပေါ်လေးကဆယ်နှစ်နီးပါးကွာသွားတယ် ။ အခုတော့ရိပေါ်လေးက 12 နှစ်ပြည့်ပြီးပြီ ကျန်းချန်ကလဲ 22 ပြည့်ပြီးခဲ့ပြီ ။

သူတို့မိသားစုလေးကအရမ်းပျော်ဖို့ကောင်းခဲ့တယ် အချိန်အတိုင်းအတာတစ်ခုထိပေါ့ ။ အခုတော့သူတို့ညီအစ်ကိုနှစ်ယောက်ထဲအဖော်မဲ့နေလေပြီ ။ ဝမ်ပါးနဲ့ဝမ်မားကရိပေါ်လေး အသက် 10 နှစ် ကျန်းချန် အသက် 20 မှာဟိုက်ဝေးလမ်းမပေါ်တွင်ကားအက်စီးဒန့်ဖြစ်ကာဆုံးသွားကြသည် ။

အရှိန်မထိန်းနိုင်လို့မှောက်သွားတာပေါ့ ။ ထိုသီတင်းကြားကြားချင်း ညီအစ်ကိုနှစ်ယောက်လုံးဝမ်းနည်းပေခဲ့မဲ့ဘယ်သူမှမျက်ရည်မကျခဲ့ကြဘူး ။ အစ်ကိုဖြစ်သူကလဲသူ့ညီကိုသူပဲစောင့်ရှောက်ရမှာမို့ သူ့ညီရှေ့မှာကြံ့ခိုင်နေရမယ်ဆိုပြီး သူ့အခန်းထဲရောက်မှကျိတ်ငိုလေရဲ့ ။ ညီဖြစ်သူကတော့ သီတင်းကြားကြားချင်ကျောက်ရုပ်လိုမလှုပ်မရှပ်ရပ်နေပြီး မျက်ရည်လည်နေလေတယ် ။

သူ့အစ်ကိုကသူ့ရှေ့မှာမို့မငိုတာကိုသူလဲနားလည်တယ် ငိုချင်တာကိုထိန်းထားတဲ့အစ်ကိုရှေ့မှာသူမငိုပြချင်ဘူး ။ သူလဲသူ့အစ်ကို့လိုပဲကွယ်ရာရောက်မှအားရပရငိုချလိုက်တော့သည် ။ ရိပေါ်ကသူ့ခံစားချက်ကိုဖုံးကွယ်တတ်တဲ့သူမဟုတ်ဘူး ။ သူ့ဘဝမှာအဲ့နေ့ကပထမဆုံးသူ့ခံစားချက်ကိုမြိုသိပ်ခဲ့ဖူးတာ အစ်ကို့အတွက်တွေးပြီးတော့ပေါ့ ။ သူတို့ညီအစ်ကိုနှစ်ယောက်ကသိပ်ချစ်ကြတာ ။

Apologize , my baby's father ( Complete )Donde viven las historias. Descúbrelo ahora