part 3

124 21 0
                                    

Kyungsooလဲဝမ်းနည်းစိတ်ကြောင့်ပြေးလာတာဘယ်နေရာရောက်နေမှန်းမသိ။လမ်းဘေးတစ်နေရာတွင်ထိုင်ချကာကလေးတစ်ယောက်လိုအော်ငိုနေမိသည်။ထိုအချိန်မှာကောင်းကင်ကြီးကပဲသူ့ခံစားချက်ကိုသိနေသလားမိုးများရွာချလာသည်။မိုးရွာလာပေမဲ့သူထွက်မသွားမိထိုနေရာမှာသာထိုင်နေမိသည်။အချိန်နည်းနည်းကြာလာတော့မိုးများရွာပေမဲ့သူ့အပေါ်တော့မိုးစက်များမကျလာတာကြောင့်သူမော့ကြည့်မိ‌သည်။သူထင်ထားတာက ကိုကိုကသူ့ကိုစိတ်ပူပြီးလာခေါ်တာလို့ထင်မိတာ။ဒါပေမဲ့သူထင်မိတာကအမှားမှန်းလဲသိရောပိုမိုဝမ်းနည်းလာကာ။လာခေါ်တဲ့သူကိုသာဖက်ပြီးငိုမိတော့သည်။

Kaiတစ်ယောက်chanyeolအိမ်မှာထိုင်စောင့်နေရင်းchanyeolဆီမှဖုန်းဝင်လာပြီးအကြောင်းစုံပြောရင်းkyungsooကိုလိုက်ရှာပေးပါလို့ပြောလို့အမြန်လိုက်ရှာမိသည်။လိုက်ရှာရင်းတော်တော်ကြာတော့မိုးရေထဲမှာထိုင်နေတဲ့ကောင်လေးနားသွားပြီးထီးစောင်းပေးထားတော့မော့ကြည့်လာပီးလူကိုဖတ်ကာစောနကထက်ကိုပိုလို့ပင်ငိုနေသေးသည်။ကိုလဲသူငိုပြီးတဲ့အထိဒီတိုင်းရပ်နေပေးလိုက်သည်။

တစ်ဖက်မှာတော့ချစ်သူကိုစိတ်ပူနေသောကောင်လေးကသူ့ဘေးကအချစ်ဆုံးသူငယ်ချင်းအမူးသမားလေးကိုအိမ်ပြန်လိုက်ပို့ရင်းမနက်ကြမှအကြောင်းးစုံရှင်းပြမလို့စဉ်းစားထားလေရဲ့။

Kyungsooလဲငိုတာရပ်သွားမှ

Kai:အရမ်းကြီးဝမ်းနည်းမနေပါနဲ့Kyungsooရယ်အထင်လွဲတာဖြစ်မှာပါ။chanyeolအကြောင်းလဲkyungsooသိရဲ့သားနဲ့။ပြီးတော့သူကအဲ့လိုလုပ်မှာမဟုတ်ပါဘူး။မနက်ကြမှသေချာမေးကြည့်နော်။

D.O:အဲ့လိုဆိုရင်သူဘာလို့ကျွန်တော့်ကိုညာတာလဲhyungသူကျွန်တော့်ကိုအမှန်အတိုင်းပြောပြခဲ့သင့်တယ်လေ။

Kai:အဲ့တာကသူkyungsooကိုအထင်မလွဲစေချင်လို့နေမှာပါ။

D.O:အခုပိုဆိုးသွားပြီးလေ။ထားပါတော့မနက်ကြမှသေချာမေးကြည့်လိုက်ပါမယ်။

Kai:အဲ့တာဆိုkyungsooအိမ်ပြန်မလား။hyungလိုက်ပို့မယ်လေ။

D.O:ဟုတ်ကဲ့hyungကျွန်တော်အိမ်ပြန်ရမယ်။daddyကိုလဲမပြောခဲ့တော့စိတ်ပူနေအုံးမယ်။

ရင်ခုန်တယ်ချာတိတ်Donde viven las historias. Descúbrelo ahora