part 4

124 22 0
                                    

အခုဆိုရင်မင်းအိပ်ပျော်နေခဲ့တာဒီနေ့၁နှစ်ပြည့်ခဲ့ပြီနော်D.O.ရပါတယ်ငါမင်းကိုစောင့်ရှောက်ဖို့အတွက်စောင့်နေပါတယ်။Baekhyunတို့ဖုန်းဆက်တယ်။Chanyeolကပြန်သတိရလာပြီတဲ့။အကုန်လုံးကိုမှတ်မိပေမဲ့သူမင်းနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုမေ့သွားပြီလို့Baekhyunကပြောတယ်။သူတို့လဲအဲ့မှာကျောင်းပြီးအောင်တတ်ပြီးမှပြန်လာမယ်တဲ့။မင်းလဲနိုးလာသင့်ပြီလေ။ငါမင်းကိုစောင့်နေတဲ့အတွက်နိုးလာပါတော့ကောင်လေးရယ်။

Kaiတစ်‌ေယာက်သူ့စိတ်ထဲရှိတာ‌တွေကိုရင်ဖွင့်နေမိသည်။ထိုအချိန်မှာပဲသူလက်လေးထဲကလက်ကလေးတစ်ချောင်းကမထင်မှတ်ဘဲလှုပ်လာခဲ့သည်။သူလဲမသေချာလို့ထပ်ကြည့်မိတော့နောက်ထပ်လက်လေးတွေပါလှုပ်လာခဲ့တယ်။စိတ်လှုပ်ရှားလွန်းနေပြီးဆရာဝန်အမြန်သွားခေါ်ပြီးပြန်လာတော့ကောင်လေးကနိုးနေပြီ။ဆရာဝန်လဲစမ်းသပ်စရာရှိတာစမ်းသပ်ပြီးမေးခွန်းနည်းနည်းမေးကြည့်တော့ဘာမှမမှတ်မိဘူးတဲ့။ဆရာဝန်ပြောတာတော့ accidentကြောင့်ကိုမာဝင်ပြီးအတိတ်မေ့သွားတာတဲ့။ပြန်ကောင်းနိုင်လားဆိုတော့accidentကပြင်းထန်ပြီး၁နှစ်လောက်ကိုမာဝင်ထားတာဆိုတော့ကြာနိုင်တယ်တဲ့။သူလဲအရင်ထဲကဦးလေးမင်နဲ့နာမည်ပြောင်းဖို့ကိစ္စကအစောထဲကပြင်ဆင်ပြီးသားဆိုတော့အဆင်ပြေသွားတာပေါ့။D.Oကိုတော့မှတ်ဉာဏ်‌တွေပြန်ရလာမှပြောပြတော့မယ်။

Kai:‌D.Oနေရတာသက်သာလား။ဘာစားချင်လဲ။

D.O:D.O?အဲ့တာကျွန်တော့်နာမည်လား။ပြီးတော့ကျွန်တော်နဲ့hyungကဘာပတ်သက်လို့လဲ။

D.Oတစ်ယောက်သူကိုယ်တိုင်မသိလိုက်ခင်မှာတင်kaiကိုhyungလို့ခေါ်မိသွားတယ်။

Kai:D.Oဆိုတာကမင်းလေးရဲ့နာမည်။D.Oနဲ့hyungက အင်းဘယ်လိုပြောရမလဲမိတ်ဆွေပေါ့။D.Oရဲ့daddyကD.Oကိုhyungဆီမှာအပ်ထားခဲ့တာ။

D.O:အဲ့တာဆိုကျွန်တော့်မိဘတွေကရောဘယ်မှာလဲ။ကျွန်တော့်ကိုဘာလို့လာမကြည့်တာလဲ။

Kai:D.Oနေပြန်ကောင်းမှhyungခေါ်သွားမယ်နော်။D.Oရဲ့daddyလဲD.Oကိုလွမ်းနေမှာပါ။အဲ့တာကေ့ာင့်နေကောင်းအောင်သာမြန်မြန်လုပ်ကြားလား။

ရင်ခုန်တယ်ချာတိတ်Where stories live. Discover now