Once Upon A Time,The End

305 32 5
                                    

တခါတုန်းကပေါ့ကွယ်...

ဘုရင်ကြီးJeon Namjoonနဲ့ မိဖုရားကြီးJeon Seokjinတို့ရှိသတဲ့...မိဖုရားက ယောကျ်ားလေးပါ

သူတို့တွေက အရမ်းကိုချစ်ကြတယ်တဲ့ ဘယ်လိုချစ်ကြတယ်ဆိုတော့...

"မင်း ငါ့အခန်းထဲမှာလာမအိပ်နဲ့တော့"

"ကိုယ်တောင်းပန်ပါတယ် Jinnieရာ တခါပဲဟာကို"?

"မင်းရဲ့တခါက ငါ့ကိုတပတ်လောက်မထရတာကွ"

"ကိုယ့်ကိုအပြင်မှာတော့ မအိပ်ခိုင်းပါနဲ့ ကိုယ်တယောက်တည်းကြောက်တယ်"

ဟုတ်ပါတယ် အရမ်းချစ်ကြတာပါ...
သာသာတောင်ဝင်တောင်ပြောမရဲပါဘူး ပြောရင် နယ်နှင်ဒဏ်ပေးမှာတဲ့...

ကဲ ပြန်ဆက်ရအောင်...

သူတို့မှာ သားတော်နဲ့သမီးတော် ရှိသတဲ့...သားတော်က အရမ်းကို စော်ကြည်ပါတယ်... သူ၏ညီမတော်က

"အကို့ကိုလင်ပေးစားချင်လာပြီ"

ပြောနေကြစကားပါပဲ

သူမပြောပလောက်အောင်ပြန်ပြောနိုင်တာ သူ့ညီမတော်သာရှိပေသည်...
သူက Jeon Jungkook သူ၏ညီမတော်က Jeon Juna

တဖက်တွင်လဲ...Kim Taehyungဆိုတဲ့ကောင်လေးရှိသတဲ့....

စင်ဒရဲလားဇာတ်ပါ...ခင်ဗျားတို့သိပါတယ်...

မိထွေးနဲ့အစစ်မနှစ်ယောက်....
ဒါပေမဲ့....

"နင်တို့တွေ ကြမ်းတိုက်ကြ"

ဟုတ်ပါတယ် မိထွေးက သူ့သမီးအရင်းခေါက်ခေါက်တွေကို ကြမ်းတိုက်ခိုင်းတာပါ..
ထယ်ရောအပါအဝင်...

"နင်တို့အမေက ဘာကြီးလဲကွာ"

"ဟဲ့ အမေကိုပြန်မပြောနဲ့လေ..."

"နေပါအုံး ကြမ်းပြင်ပေါ်မှာအမြဲအိပ်ရတာဘယ်သူတွေလဲ
ဖုန်ကျန်နေရင် တညလုံးအပြင်မှာအိပ်ရတာဘယ်သူတွေလဲ"

"ဟုတ်တယ်ဟယ် ငါတို့ကခံနေရတာပါ"

တကယ်ပါ မိထွေးသမီးနှစ်ယောက်ကတော့ မိထွေးကိုမုန်းတယ်
စင်ဒရဲလားဇာတ်လို့တောင်ပြောရမလား...

"သောက်ဘွားတော် သောက်ကောင်းကျိုးမပေးဘူး"

မိထွေးလဲပြန်လာပြီ...

Faမိမိ and သဲသဲကဲကဲအႀတဲမ္ား     Faမိမိ and သဲသဲကဲကဲအတြဲမ်ားWhere stories live. Discover now