15. Wild NingYan Appeared

6.6K 1.3K 75
                                    

၁၅. အရိုင်းတုံးလေး နင်ယန် ပေါ်လာပြီ။

'ဝေ့ကျိုးနန်' ဖုန်းချပြီးပြီးချင်း သူ့‌ဘေးကခုံမှာ လူတစ်ယောက် ၀င်ထိုင်တယ်။ အဲ့လူက အနုပညာရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး ကောလိပ်ကနေ ဘွဲ့ရ,ထားတာ မကြာသေးဘူး။ အနုပညာလောကထဲ၀င်ချင်စိတ်မရှိလို့ မိခင်ဖြစ်သူရဲ့ကုမ္ပဏီမှာ စီမံခန့်ခွဲရေးပိုင်းတွေ ‌သင်ယူနေတဲ့သူတစ်ယောက်လည်း ဖြစ်တယ်။

ကာရာအိုကေမှာ သူ့အလှည့်ဆိုပြီးသွားတော့ ဘီယာတစ်ငုံ မော့သောက်ပြီး ဝေ့ကျိုးနန်ကို မေးတယ်။

" တစ်ယောက်ယောက်လာမှာလား? ဘယ်သူလဲ? "

ကလပ်ထဲမှာ လူများများစားစားမရှိဘူး။ ရှိတဲ့သူတွေကလည်း အသိုင်းအ၀ိုင်းတစ်ခုထဲကပဲ။ ဆိုတော့ ‌သူတို့ရဲ့ပျော်စရာအချိန်တွေကို သူစိမ်းလူတွေကြောင့် မပျက်စီးစေချင်ကြဘူး။

ဝေ့ကျိုးနန်လည်း ဒီအချက်ကိုသိပြီးဖြစ်တာမို့ အနုပညာရှင်ရဲ့သားက လူမှုရေးအရ မေးလိုက်တာပါ။

ဝေ့ကျိုးနန်က သူ့လက်ကိုရမ်းပြီး : " ကျွန်တော့် 'နင်-ကော' လေ"

အနုပညာရှင်ရဲ့သားက သူ့ကို အံ့အားတသင့်ကြည့်ရင်း ပြောတယ်။

" မင်းပြောတော့ သူ အိမ်မှာနားနေတယ်ဆို၊ ဖုန်းလည်းပိတ်ထားတယ် မဟုတ်ဘူးလား? အဆက်အသွယ်ပြန်ရပြီပေါ့? "

" ဟုတ်တယ်၊ ကျွန်တော့်ရဲ့ 'နင် - ကော' နဲ့ တစ်ခေါက်တွေ့ရဖို့အရေး တော်တော်မလွယ်ဘူးဗျ ! "

ဝေ့ကျိုးနန်က သနားစရာလေသံနဲ့ ပြောတယ်။

အနုပညာရှင်ရဲ့သားက သူပြောတာနားထောင်ပြီး ‌သေမတတ် ရယ်တယ်။ ပြီးတော့ တစ်ခုခုကိုသတိရပြီး သူ့မျက်နှာမည်းပုတ်သွားတယ်။ အသံနှိမ့်ရင်း ပြောလိုက်တယ်။

" နေဦး... ငါကြားတာ လောင် 'လင်း' က ဟေးချုံရှင်းကို ခေါ်ထားတယ်တဲ့။ အဆင်ပြေပါ့မလား? "

ဝေ့ကျိုးနန်တစ်ယောက် သောက်နေတဲ့ဘီယာတောင် သီးသွားတယ်။ သူ့နှုတ်ခမ်းတစ်ဝိုက်သုတ်ပြီး မျက်လုံးပြူး မျက်ဆန်ပြာနဲ့ ပြောတယ်။

After Being Turned Into a Dog [Translation - U+Z]Where stories live. Discover now