[ 1 ]

814 139 63
                                    

🎼 : Rumor by KARD

(Unicode)

Chapter 1 : Rumour

တက်ကြွလန်းဆန်းမှုအပြည့်နှင့်
သက်ဝင်လှုပ်ရှားနေတဲ့
တက္ကသိုလ် နယ်မြေ ။

ပင်မစာသင်ဆောင်နှင့် မလှမ်းမကမ်း
ချယ်ရီပင်တန်း ရှိ ကျောင်းသားများ
အနားယူရာ ခုံတန်းလျား တစ်နေရာ
တွင်တော့  ပျင်းတိပျင်းရွဲ့ မူဟန်နှင့်
အုပ်စုဖွဲ့ထိုင်နေကြသော ကျောင်းသား
သုံးလေးယောက်ရှိ၏ ။

အသီးသီး လေ့လာစရာ
သင်ခန်းစာ တပုံတပင်ရှိသော်ငြား
ထိုအရာများကိုတော့ဖြင့်
မေ့ချင်ယောင်ဆောင်ရင်း
ဘာမှလုပ်စရာမရှိဘူး ဟု
ပျင်းရိစွာ ထိုင်ငြီးငြူကာ
ကြွေကျနေသော ချယ်ရီ ပွင့်ဖတ် များကို
ယောင်တောင်ပေါင်တောင်
ထိုင်ရေတွက်နေကြသည်။

**အားလုံး.. ကြားပြီကြပြီလား...
သတင်းထူး big news !!**

တိတ်ဆိတ် ပျင်းရိ ဖွယ်
အနေအထားကို ဖျက်စီးလိုက်သူက
လောလောလတ်လတ် အနားရောက်လာသော
ခပ်ချောချော ကျောင်းသား ။

သတင်းထူးသယ်ဆောင်သူသည်
လွင့်မျောနေသော ချယ်ရီပွင့်ဖတ်တွေနှင့်
အတူ စိတ်နှင့်ကိုယ်နှင့်ကပ်ပုံမရသော
သူတစ်ဦး ၏ ရှေ့ တည့်တည့်တွင်
အကျအန ထိုင်ချသည်။

**Jiminရေ ငါ...
မင်း ရည်းစား ကို တွေ့ခဲ့တယ် *

**Min Yoongi ? **

အပြောခံရတဲ့ ဆံပင်ခပ်အုပ်အုပ်ကောင်လေးက
မေးသည်တော့ မဟုတ် ။
ဘေးနားက တစ်ယောက်က မေးလိုက်ခြင်း
ဖြစ်သည်။

**အင်း... ကော်ဖီဆိုင်မှာ ကောင်မလေးတစ်ယောက်နဲ့  ရယ်မောနေကြတာပဲ **

ခေါင်းငြိမ့်ပြီးဖြေလိုက်သံကြားပြီးနောက်
ခေါင်းလုံးလုံးကောင်လေးကတော့
မျက်မှောင်ကြုံ့ပြီး မျက်နှာရှုံ့မဲ့ သွားလေရဲ့  ။

**ငါ့ရည်းစားမဟုတ်ပါဘူး... အခု ရည်းစားဟောင်းဖြစ်သွားပြီ**

အားလုံးရဲ့ ကြည့်နေတာကို
သိနေရတာမို့
ဘာမှမခံစားရဟန် နှင့် ဆိုရင်း
Jiminထထွက်လာခဲ့သည်။

.....

မသိလိုက်ဘဲ
ကော်ဖီဆိုင်ဘက်ဦးတည်နေတဲ့
ခြေလှမ်းတွေကို
သတိထားမိရင်း ချက်ချင်းရပ်ပစ်လိုက်ရင်း
ပြန်လှည့် လာခဲ့သည်။

Romance Rippling in the Breeze [YM]Where stories live. Discover now