[ 2 ]

639 116 14
                                    

🎼 : The King by Conan Gray

Chapter 2 :  He obviously knew that I love him so much but why?

Min Yoongiဆိုတဲ့ သူ့ရည်းစားဟောင်းသည်
မိန်းကလေး တစ်ယောက်ယောက်နဲ့
အခုမှ တွဲဖူးတာ တော့မဟုတ် ။

အထက်တန်းတုန်းကလည်း
သူ့ကိုအတင်းလိုက်ကပ်နေတဲ့
Jimin စိတ်ပျက်သွားအောင်
ဆိုတဲ့ ရူးကြောင်ကြောင် အတွေးနဲ့
ဘေးချင်းကပ်ကျောင်းက
ကျောင်းသူတစ်ယောက်နဲ့
သူ့ရှေ့မှာ တွဲပြဖူးသည်ပဲ ။

စိတ်အလိုမကျတိုင်း
လမ်းခွဲကြမယ် ဆိုတဲ့
စကား ကို  ခဏတိုင်းပြောနေပေမဲ့

အထက်တန်း ပထမနှစ်ကနေ
နောက်ဆုံးနှစ်အထိ ခက်ခက်ခဲခဲ
ပိုးပန်းခဲ့ပြီးမှ ရလာတဲ့
ဒီရည်းစားလေးတစ်ယောက် ကိုဖြင့်
Park Jiminသည် အလေးအနက်ကို
တုန်နေအောင်ချစ်ပါသည်။

အသည်းမာတဲ့တစ်ယောက်ယောက်ကတော့
သူ့ကို  ထားခဲ့နိုင်ပေမဲ့လည်းပေါ့....

.......

မရင့်ကျက်မှုတွေတစွန်းတစတွေရယ်နှင့်
အချစ်ဦးရယ် နွေဦးရယ်
သဘောတကျ တင်စားဖွဲ့နွဲ့စိတ်ကူးယဥ်တတ်တဲ့
အထက်တန်းကျောင်းသားအရွယ်,

ဒီနေ့လည်း
အထက်တန်း ပထမနှစ် class one ရဲ့
အတန်းခေါင်းဆောင် က ထပ်ပြီး
သူ့crush ကို လိုက်နှောင့်ယှက်နေပြန်ပြီဟေ့ ။

Clasa one ကအတန်းသားတွေကတော့
မထူးဆန်းဘဲ
ပုံမှန်လို ပဲ ရယ်မော ပြောနေသည်။

သေချာတာပေါ့
လွန်ခဲ့သည့် သုံးလေးလလောက်ကတော့ဖြင့်
သူတို့ မှာ
သူတို့လေးတွေအတန်းရဲ့
ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် က
ဒီလို တစ်ယောက်ယောက်ဆီက
အငြင်းခံရရုံမက
လက်မလျှော့ဘဲ ဆက်ပြီး လိုက်တွယ်ကပ်နေတယ်လို့ သွားပြောကြည့်
ဘယ်သူတစ်ဦးတစ်ယောက်မှ ယုံမည်မဟုတ်။

Park Jiminဆိုသူက
အလယ်တန်း ထဲက
ဆက်တိုက် သူတို့အတန်းခေါင်းဆောင်
ဖြစ်ပြီး စာတော်ရုံမက
အတန်းသားတွေစာမလိုက်နိုင်လျှင်လည်း
စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့
အဲ့လို ကြင်နာတတ်တဲ့သူမျိူး လေ ။
အတန်းခေါင်းဆောင် အာဏာနှင့်
သူငယ်ချင်းတွေကို အနိုင့်ကျင့်တာမျိုး
ဘယ်တော့မှ မလုပ်ဖူးသည့်အပြင်
အားလုံး အခက်အခဲရှိတိုင်း
ကူညီ ဖြေရှင်းပေးတတ်သည်။
အမြဲ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့
နတ်သားလေးလို နူးနူးညံ့ညံ့အပြုံးလေးနဲ့မို့
ဒီချစ်စရာကောင်ငယ်လေးက
တစ်တန်းလုံးရဲ့ အသည်းကျော်လေး ဖြစ်၏ ။

Romance Rippling in the Breeze [YM]Where stories live. Discover now