Ma🖤

6.2K 123 6
                                    

Stay home ကာလဆိုတော့ဘုန်းထက်နိုင် တစ်ယောက် တော်တော်လေးကိုပျင်းနေပြီ။ အိမ်ကလည်းအပြင်မထွက်ရင်ပြီးရောဆိုပြီ အိမ်မှာနေချင်သလိုနေခိုင်းထားတာ။တစ်နေ့တစ်နေ့အိပ်လိုက်၊စားလိုက်၊ဖုန်းသုံးလိုက်နဲ့ ဒါတွေကိုဘဲအလှည့်ကြလုပ်နေရတယ်။

အခုလည်းည 2 နာရီတောင်ကျော်နေပြီ အခုထိ အိပ်လို့မပျော်သေးတာကြောင့် ကုတင်ပေါ်မှာ ပက်လက်လေးလှန်ကာဖုန်းသုံးရင်လှဲနေလိုက်သည်။

ဟိုကြည့်ဒီကြည့်လုပ်နေရင်း People you may know ထဲကနေ acc တစ်ခုတွေ့သွားခဲ့သည်။

ဘာကြောင့်မှန်းမသိစိတ်ဝင်တစားကိုဖြစ်နေတာကြောင့် မြန်မြန်ဘဲလက်က add friend ကိုနှိပ်လိုက်သည်။

သူရဲ့ profile ထဲ ဝင်ကြည့်တော့လည်း ဘာမှထွေထွေထူးထူးမတင်ထားဘူး ဒါပေမဲ့ Bio မှာ BDSM 🖤 ဆိုပြီးတင်ထားတာကိုက စိတ်ဝင်စားစရာဘဲ။

Fri ဖြစ်သွားလို့ကတော့ စကားသွားပြောရင်ကောင်းမလားတွေးနေတုန်းဘဲရှိသေးတယ် Friend accepted လုပ်လိုက်တာဘဲ။

"Hi"

မီးစိမ်းနေတာတောင် seen မပြဘူး ငချေဘဲ။

"ချေတာလား အမကြီးက"

Seen ထပ်မပြ။

"လိုင်းဖွင့်ရင်းနဲ့ အိပ်ပျော်သွားတာထင်တယ် ဘာဖြစ်ဖြစ်ကွာ ထပ်ပို့မယ်"

"Hi မ"

Seen ပြသွားတာကြောင့် ထခုန်မတတ်ကိုပျော်မိတယ်။မ ဘက်က ပို့လိုက်တဲ့စာက "တော်တော်မှအားယားနေလား ယားနေရင် ကိုယ့်ဟာကိုယ်ကိုင်ထားတဲ့"

"မကလည်း ကျွန်တော်က ခင်ချင်လို့ပါ"

"ခင်ရအောင် နင်နဲ့ငါက အသိလည်း မဟုတ်"

"အခုကစပြီး သိပြီလေ ဒါနဲ့အမက BDSM ဘာ type လဲ"

"နင်မေးတိုင်းဖြေရမှာလား"

"‌ဖြေပါမရယ် ကျွန်တော်တစ်ဂယ်သိချင်လို့ပါ ကျွန်တော်က slave boy ပါ"

"ကျွန်ကောင်လေးပေါ့"

"ကျွန်တော်က ကျွန်တော့် mistress ကလွဲလို့ ကျန်တဲ့သူ ကျွန်လို့ခေါ်တာ မကြိုက်ဘူးဗျ"

"$ ကြီး$ ကျယ်"

"မဟုတ်ဘူး တစ်ဂယ်ဗျ ကျွန်တော်က တစ်ယောက်သော သူအတွက်ဘဲ ကျွန်ခံမှာ"

One Shot (Punishment Type)Where stories live. Discover now