Introduction

3K 174 20
                                    

"Veni Vedi Amavi"တဲ့....

နည်းနည်းတော့ ထူးခြားတယ်မလား။ လက်တင်ဘာသာစကားလေးပါ။ ဒီစကားလေးကို အသိအစ်ကိုတစ်ယောက်နဲ့ ဂျူးလိယက်စ်ဆီဇာအကြောင်း ပြောဖြစ်ရင်း သိလာခဲ့တာ။

Veni - ငါတို့တွေ အဝေးကနေ လာခဲ့ကြတယ်
Vedi - ငါတို့တွေ ကံတရားအရ ဆုံတွေ့ခဲ့ကြတယ်
Amavi - ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတယ်တဲ့။

ကဗျာမဆန်လွန်းဘူးလား။ အဲ့ဒါကြောင့်မို့လို့လည်း ဒီစာစုလေးကို Titleအဖြစ်ရေးဖို့ ရွေးချယ်ခဲ့တာ။

ဒီဝတ္ထုရဲ့နာမည်ကို အမျိုးမျိုးစဥ်းစားကြည့်ခဲ့ဖူးပါတယ်။ ဇာတ်ကားတွေရဲ့ဒိုင်ယာလော့တွေကိုလည်း တွေးခဲ့ဖူးတယ်။ အင်တာနက်ကနေလည်း ရှာကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ်တမ်းနှစ်သက်သွားမိတော့ ဂျူးလိယက်ဆီဇာဆီကနေ ​အကြံရသွားတော့တာပဲ။

မနေနိုင်လို့ နောက်တစ်ပုဒ်ရေးမိသွားပြန်တယ်။ ဒီတစ်ပုဒ်မှာတော့ အရမ်းကိုpureဖြစ်လွန်းမှာပါ။ ချစ်စကားတွေ ပါဖြစ်လောက်မှာမဟုတ်ပါဘူး။ ဇာတ်ကောင်လေးယောက်ကို လေးနက်စေချင်တဲ့အခါ တစ်ခါမှမလုပ်ဘူးတဲ့ Character analysisတွေပါ လုပ်ခဲ့ပါတယ်။

ဇာတ်လမ်းပုံစံလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။ နှစ်တစ်ထောင်သက်တမ်းရှိတဲ့သေမင်းတမန်တော်သုံးပါးဟာ ရှေးဟောင်းသုတေသီကျောင်းသားရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ပေးဖို့တာဝန်ကျလာခဲ့ပါတယ်။

ကျောင်းသားလေးရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရတဲ့အနေနဲ့ လွန်ခဲ့ပြီးတဲ့အတိတ်တွေကို ပြန်လည်တူးဖော်ရတဲ့အခါ...။

လောကမှာ အဆုံးစွန်ထိ ဖုံးကွယ်လို့ရတဲ့အရာဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ ထိန်းချုပ်ထားပါစေ...နောက်ဆုံးတော့ အမှန်တရားကို ဖွင့်ဟရတာပါပဲ။

အားလုံးကောင်းဖို့အတွက် ရွေးချယ်ခဲ့တဲ့လမ်းဟာ သူ့ဆီမှာရှိနေခဲ့တဲ့အရာရာကို ဖျက်ဆီးသွားတဲ့အခါ.....။

သေချာပေါက် ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းလောက်မှာပါ။ စာရေးသူကို ယုံကြည်တယ်ဆိုရင် ခဏလောက်ပဲဖြစ်ဖြစ် စီးမျောခံစားပေးမယ်လို့ မျှော်လင့်ရင်း.....။

𝑉𝑒𝑛𝑖 𝑉𝑒𝑑𝑖 𝐴𝑚𝑎𝑣𝑖Dove le storie prendono vita. Scoprilo ora